( Zawgyi )" လေပြေညှင်းတွေ
မတိုက်ခတ်တော့ဘူး Jeon
ဒါပေမယ့် သစ်ပင်လေးတွေ
ယိမ်းယိုင်နေတုန်းပဲခတ္တာပွင့်တွေကြွေကျကုန်ပြီ Jeon
ဒါပေမယ့် ရိုးတံလေးက ရပ်တည်နေတုန်းပဲဆောင်းရာသီတွေ
အလီလီကုန်လွန်ခဲ့ပြီ Jeon
ဒါပေမယ့် နှင်းမှုန်လေးတွေနေရာယူတုန်းပဲငါ့ဘေးနား မင်းမရှိတော့ဘူး Jeon
ဒါပေမယ့် . . ငါ . . . မင်းမဟုတ်တဲ့မင်းကို
လှမ်းဆွဲထားတုန်းပါပဲ"
*Alcoholic Jeon*
3နှစ်ခန့်ကြာပြီးနောက်....,
ကုမ္မဏီအစည်းဝေး အချိန်မှီစေရန်
ထုံးစံအတိုင်း သူစောစောလာမိသည်။
ဒီနေ့မှ ကားလမ်းတွေက
ပိတ်ကြပ်နေသလို .
ကုမ္မဏီမန်နေဂျာတစ်ယောက်ဖြစ်တာနဲ့အညီ
အစည်းဝေးမှာ သူမပါဝင်လို့မဖြစ်....အလုပ်လုပ်တယ် ဆိုတာကလဲ
ပိုက်ဆံ မွဲတေနေလွန်း၍ မဟုတ်
အတွေ့အကြုံ သက်သက်သာ...."ဟူး...."
ကြံ့ကြာသည့်
သက်ပြင်းက
အဆုံးမရှိနှယ်...
အထပ်ထပ်အခါခါသာ ချမိရင်း
မီးပွိုင့်ကို စောင့်နေလိုက်သည်။5. .4. .3. . 2 . .1 . .ok!
ကားကိုအရှိန်တင်၍
မောင်းထွက်ခဲ့သည်။
ဖြောင့်ဖြူးသောလမ်းမပေါ်ပြေးလွှားနေပြီး
မနက်ခင်းရောင်ခြည်ဟာ တစ်လက်လက်...
အဟောင်းတို့သည်ထဲက
ယခုတိုင်စွဲမြဲစီးခဲ့သည့် ဒီကား...
ပုံစံတစ်မျိုးတစ်ပါဒမျှ ပြောင်းလဲပါခြင်းမရှိ
အတိတ်ကိုသာ မြတ်နိုးသည်။တဖြည်းဖြည်းနှင့်
ကားparkingတွင်
ထိုးရပ်ပစ်လိုက်သည်။
ဘေးခုံ၌ပါလာသော
အရေးကြီးစာတမ်းတွေကို သယ်ကာ
နာရီကိုတစ်ချက်ငုံ့ကြည့်တော့...Oh God...အစည်းဝေးချိန်ဟာကွက်တိ...
သူအခန်းထဲဝင်လိုက်သည်နှင့်
လူစုံလို့နေပြီ...။
အားလုံးကို
တစ်ချက်ပြုံးပြပြီး
နေရာတွင်ဝင်ထိုင်လိုက်သည်။" ကဲ လူစုံပြီဆိုတော့
အစည်းဝေး စကြရအောင်"CEOမှပြောလာသည့်စကားနောက်
လက်ထဲတွင်သယ်ယူလာသော
ဖိုင်တွဲစာတမ်းတွေကို
ခုံပေါ်ဖွင့်တင်မိ၏။
ဒီနေ့အလုပ်လုပ်ဖို့က
စိတ်ပင်မပါခဲ့ . . .
ထိုင်းမှိုင်းနေသည့်စိတ်တွေက
အာရုံမရအောင် ပြုစားသည်။
ESTÁS LEYENDO
Alcoholic Jeon
RomanceSeme / Seme အဖန်တစ်ရာလဲလဲ အနိုင်ယူအကဲစမ်းခဲ့ဖူးတဲ့ငါက မင်းအသွေးသားမှာ ပထမဆုံးကျရှုံးခဲ့မိတယ် မင်းသိတယ်မလား...? Alcoholicနဲ့တူသောငါရဲ့ Jeon...? Kim Tae Hyung ____________________ Seme / Seme အဖန်တစ်ရာလဲလဲ အနိုင်ယူအကဲစမ်းခဲ့ဖူးတဲ့ငါက မင်းအသွေးသားမ...