Part 9
Sing pov
ကလေးနဲ့ P နန်းတော် အစည်းအဝေးသွားနေစဉ် သခင်မကြီးနဲ့ ကျွန်တော်ဆေးရုံသို့လာခဲ့သည် ဆေးရုံဆရာဝန်နဲ့ ကျွန်တော်တိုက်ရိုက်ပြောတော့ ကျွန်တော်ဟာကိုယ့်ဝန်ဆောင်လို့မရဘူးပြောတယ် သားအိမ်ထည့်ဖို့ မလုပ်တာကောင်းမယ်လို့ပြောတယ် ဆရာဝန်ကြီးကို ကျွန်တော်ရှီးခိုးတောင်းပန်ပြီး အမှန်မပြောဖို့ တောင်းဆိုလိုက်ရသည် အမှန်ပြောရင် kit ကလေး ဒုက္ခရောက်မှာ ဘယ်နည်းနဲ့ မှ kit ကို ဒုက္ခ မရောက်ခိုင်းစေချင်ဘူး
" ကျွန်တော်ဆရာဝန်တစ်ယောက်အနေနဲ့ မလိမ်ချင်ဘူး ပြီးတော့ သခင်မကြီးက ဒီမြို့ရဲ့ အာဏာအကြီးဆုံး သခင်လေး သိရင် ကျွန်တော်သေလိမ့်မယ် "
"တောင်းပန်ပါတယ် ကျွန်တော်ကိုကူညီပါ ကျွန်တော်ရီုးခိုးပါမယ် "
"မရှီခိုးပါနဲ့ဗျာ ကျွန်တော်နဲ့ လိုက်ခဲ့ပါ "
အပြင်မှာစောင့်နေတဲ့ သခင်မကြီးကို ဆရာဝန်က
" သခင်မကြီး ဒီကလေးက ကိုယ့်ဝန်ရနိုင်ပါတယ် ထူးထူးဆန်းဆန်း သားအိမ်ပါနေတယ်ဗျ "
" တကယ်လား သမားတော်"
" တကယ်ပါ သခင်မကြီး သူကိုလည်း အားဆေးပေးလိုက်ပါတယ် ပုံမှန်သောက်ရင် ကလေးရနိုင်မှာပါ "
"ကျေးဇူးတင်ပါတယ် "
ကျွန်တော်ကို ကူညီတဲ့ ဆရာဝန်ကို ကျွန်တော်ကျေးဇူးတင်တဲ့ မျက်နှာနဲ့ ကြည့်ပြီး ပြန်လာခဲ့လိုက်သည်
Dr Kimmy pov
ကျွန်တော်ကို ရှီခိုးမတက်တောင်းပန်တဲ့ လူနာ Singto ကို အရမ်းသနားလို့ ကျွန်တော် သခင်မကြီးကို လိမ်လိုက်သည် မလိမ်သင့်ပေမဲ့ အမှန်ပေါ်သွားရင်လည်း ကျွန်တော် ဒုက္ခရောက်နိုင်မယ်ဆိုတာ သိပေမဲ့လည်း အရမ်းသနားစရာကောင်းတဲ့ သူမျက်နှာကြောင့် လိမ်လိုက်မိသည်
@@@@
ရေချိုးထမင်းစားပြီး အိပ်ခံနီးရောက်နေပေမဲ့ ကုတင်ပေါ်မှာ မျက်နှာမကောင်းတဲ့ P ကြောင့် ကျွန်တော်ရင်ထိတ်မိသည်
" P god နေမကောင်းဘူးလားဟင် "
" ကောင်းပါတယ် Sing "
" အဲ့ဒါဆို ဘာလို့ မျက်နှာမကောင်းတာလဲ ဘာလို့လဲ P "
" မယ်မယ်က မျိုးစက်လိုချင်တယ်လေ ဒါပေမဲ့ sing နဲ့ kit ကယောက်ကျားလေးတွေလေ ဘယ်လိုကိုယ့်ဝန်ဆောင်မှာလဲ ကိုယ့်ဝန်မဆောင်နိုင်ရင် sing နဲ့ kit ရဲ့ မိသားစုကို ဒုက္ခ ပေးမယ်တဲ့ အဲ့ဒါ Sing မှာက ဒုက္ခရောက်စရာမိသားစုက ဦးလေး တစ်ယောက်တည်းရှီတယ်ဆိုပေမဲ့ kitက မိဘနှစ်ပါးလုံးရှီတဲ့ အတွက် kit ပို ဒုက္ခရောက်မှာ အဲ့ဒါ P ဘယ်လိုလုပ်ရမလဲ sing Pသဘောပြောရရင် P တို့ သုံးယောက်လုံး ထွက်ပြေးချင်ပေမဲ့ "
"ထွက်ပြေးရအောင် P ကျွန်တော် ဦးလေးက ကျွန်တော်အပေါ်မကောင်းလို့  ကျွန်တော်မှာ ဘာမိသားစုမှ မရှီဘူး "
" ဒါပေမဲ့ kit ကရော့ "
" ဟုတ်သားပဲ kit ထွက်ပြေးရင် kit မိဘတွေ ဒုက္ခရောက်မှာ "
ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံကြောင့် ကျွန်တော်တို့ မှိုင်နေတဲ့ မျက်နှာကို ပြင်လိုက်ပြီး
" ဝင်ခဲပါ "
ထုံးစမ်းအတိုင်း အရုပ်ကလေး ကိုကိုင်ပြီး ဝင်လာတဲ့ kit
" အိပ်မပျော်ပြန်ဘူးလား ကလေး "
" အဟင့် ဟင့် ဟင့် "
ရုတ်တရက် ငိုချလိုက်တဲ့ ကလေးကြောင့် ကျွန်တော်နဲ့ P god အရမ်းကို တိတ်လန့်သွားသည်

YOU ARE READING
ကျွန်တော်ချစ်သောသူနှစ်ယောက်
Fanfiction20± threesome ပါနော် ကြိုက်မှဖတ်ပါ ဝေဖန်မှု မပြုပါနဲ့