Part 20
Singto
ကလေး ကျွန်တော်ကို စကားမပြောပဲ P'Godနားမှာပဲ နေလေသည် သမားတော်ကတော့ P အခြေအနေကို အားမရပေ အဲ့ဒါကြောင့် ဆေးရုံက ဆရာဝန်ခေါ်ပြီး စမ်းသပ်စစ်ဆေးကာ အောက်စီဂျင်တပ်ဆင်ပြီး ဆေးသွင်းထားသည် ကလေးက P ကို စိုးရိမ်ပြီး P နားက မခွာသလို အစားပုပ်တဲ့ကလေးက စားချိန်သောက်ချိန်လည်း အစာမတောင်းတော့ပေ
" ကလေး ထမင်းမစားချင်မှန်းသိလို့  P ဆန်ပြုတ်ပြုတ်ထားတယ် P ကိုယ့်တိုင်ပြုတ်ထားတာမို့ လို့ နည်းနည်းလောက်စားရအောင်နော် "
"ဟင့်အင်း "
" ကလေး အစာမစားရင် လဲသွားလိမ့်မယ် စားရအောင်နော် P ခွံကျွေးမယ် "
" P ခွံတာမစားချင်ဘူး P'God ခွံတာပဲစားချင်တယ် kitကိုထမင်းစားစေချင်ရင် P'Godကို နှိုးပြီး ခွံခိုင်း အိပ်နေတာ အကြာကြီးပဲ "
" ကလေးရယ် Pကနေမကောင်းဘူးလေ ဘယ်လိုလုပ်ထနိုင်မှာလဲ Pကျွေးမယ်နော် "
"ဟင့်အင်း မစားဘူး မစားဘူးသွား ယူသွား မစားဘူး "
ရုန်းရင်းဆန်ခတ်နဲ့  ကလေး ဆန်ပြုတ်ပန်းကန်ကို လွှတ်ပစ်သည် ကျွန်တော်စိတ်တိုသွားပေမဲ့ ကလေးက ကျွန်တော်ကို အထင်လွှဲနေတာကို သူကိုအော်လိုက်ရင် သူကျွန်တော်ကို မုန်းသွားမှာဆိုးတာနဲ့ အစေခံကိုခေါ်ကာ သန့်ရှင်းရေးလုပ်ခိုင်းပြီး နောက်တစ်ခါ ဆန်ပြူတ်သွားပြူတ်လိုက်သည် ဒီကလေးကို ဒီနေ့အစာဝင်အောင် မရရအောင်ကျွေးရမယ်
"လာပြန်ပြီ မစားပါဘူးဆိုမှ "
" စားရအောင် ကလေး P'God က ကလေးပိန်လို့ P ကို ဆူနေတာ "
ကျွန်တော် ဟုတ်သည်ဖြစ်စေ မဟုတ်သည့်ဖြစ်စေ ညာပြီး ကျွေးဖို့ ဇတ်လမ်းဆင်သည်
" ဘယ်မှာဆူလို့လဲ P'Godက P ကိုအရမ်းချစ်တာ ကျွန်တော်ကိုသာ ပစ်ပယ်ကျတာ "
" ဆူတာပေါ့ ကလေးအရမ်းပိန်နေတာကို P က ကလေးကို အော်လို့ ဆိုပြီး မနေ့က P ကိုအရမ်းဆူတာ P'Godက ကလေးကို အရမ်းချစ်တာ ကလေးသိရက်သားနဲ့  "
"သိသားပဲ P'God က ကျွန်တော်ကိုချစ်လို့  P က ကျွန်တော်ကို မုန်းနေတာ မဟုတ်လား "
" မမုန်းပါဘူး P က Kitကိုအရမ်းချစ်တယ် တကယ်ပြောတာ ယုံပါနော် ကလေးလည်း P ကိုချစ်တယ်ဆို "
" ချစ်တော့ချစ်ပေမဲ့ Pက ကျွန်တော်ကို အော်တယ် ကျွန်တော်စိတ်ထဲမှာ ဘာဖြစ်နေမှန်းမသိပဲအော်တယ် မစားချင်တာကိုလည်း အတင်းကျွေးတယ် P'God လို ကျွန်တော်ကို နားမလည်ဘူး "
" P တောင်းပန်ပါတယ် "
"ဟင် "
" ကလေးကို P တောင်းပန်ပါတယ် Pက ကလေးကို ဘယ်လောက်ချစ်လဲ ကလေးယုံအောင်သက်သေပြလို့ ရရင်ူသက်သေပြပါမယ် P ကို ခွင့်လွှတ်ပေးနော် "
ကလေး ခေါင်းညိတ်ပြသည် ကျွန်တော်ကို ခွင့်လွှတ်ပေးလို့ ကျွန်တော်ရင်ထဲမှာဝမ်းသာရသည်
" ကျွန်တော်ဗိုက်မဆာဘူး P "
" မနေ့ကလည်းဘာမှမစားဘူး ဒီနေ့လည်း ကလေးဘာမှမစားရသေးဘူး မဆာဘူးဆိုတာ ဖြစ်နိုင်ပါ့မလား "
"တကယ်ပြောတာ ရင်ထဲမှာ ပြည့်အင်နေတယ် "
"P ကိုချစ်ရင် ၂ဇွန်း ၃ဇွန်းလောက်ပဲစားပါနော် "
" အင်း P "
ကလေးကို ဆန်ပြုတ်နှစ်ဇွန်းပဲ တိုက်ရသေးတယ် ကလေး အန်ချင်လို့ သန့်စင်ခန်းထဲပြေးသည် ကျွန်တော်ကလေးနောက်က လိုက်ပြီး ကျောကို ထုပေးလိုက်သည်
" ကလေးသက်သာရဲ့လား သမားတော် ခေါ်ရမယ် "
" ဟင့်အင်း မခေါ်နဲ့ အဟင့်....ဟင့် "
ကလေးက ဆေးထိုးဆေးသောက် အရမ်းကြောက်တက်သည် ကလေး နေမကောင်းလို့ P'God ဆေးတိုက်ရင် သူပါးစပ်ထဲအရင်ထည့်ပြီးမှ ကလေးပါးစပ်ထဲထည့်သည် အခုလည်း သမားတော် ခေါ်မယ်ပြောလို့အရမ်းငိုနေသည်
" မငိုပါနဲ့ မခေါ်ဘူးနော် "
ကျွန်တော် ကလေးကိုပွေ့ ပြီး ကုတင်ပေါ်တင်လိုက်သည် အစားမဝင်တာ ဘယ်လိုလုပ်ရပါ့မလဲ စားထားတဲ့ ဆန်ပြုတ်နှစ်ဇွန်းကလည်း ဗိုက်ထဲမဝင်ပဲ ပြန်အန်နေတယ် အခုလည်း P နားမှာ P လက်ကို ကိုင်ပြီး အိပ်သွားပြန်သည်
YOU ARE READING
ကျွန်တော်ချစ်သောသူနှစ်ယောက်
Fanfic20± threesome ပါနော် ကြိုက်မှဖတ်ပါ ဝေဖန်မှု မပြုပါနဲ့