Part 18
God
ငိုနေတဲ့ ကလေးကို ကျောကို ပွတ်ပြီးနှစ်သိမ့်လိုက်သည် အားရအောင်ငိုပြီးမှ ရိုက်သံလေးဆဲသွားမှ ကလေးကို ဘေးနားမှာ လှဲခိုင်းပြီး အစေခံကို ခေါင်းကိုက်ပျောက်ဆေး ယူခိုင်းလိုက်သည်
" ကလေးဆေးသောက်ရအောင် "
" ဟုတ်ကဲ့ P "
ဆေးသောက်ပြီး ကလေးပြန်လှဲနေသည် York က ကလေးနထင်ကို လိမ်းဆေးတွေလိမ်းပေးနေသည်
" အော့ ...."
ကလေးအန်ချင်နေတာကြောင့် York လျှင်မြန်စွာထွေးခံယူလိုက်သည် ကျန်တဲ့အစေခံက ကလေးကျောကို နှိပ်ပေးနေသည်
"အစာမစားပဲ ဆေးသောက်လို့ အန်တာ သခင်ကြီး "
" ကလေးအစာမစားရသေးဘူးလား "
" တနေ့ကုန် ဘာမှမစားလို့ အစောနသခင်Sing က ချော့ကျွေးနေတာ "
" နွားနို့ ယူလာခဲ့ "
" ဟုတ်ကဲ့ သခင်ကြီး "
အစေခံယူလာတဲ့ နွားနို့ ပူပူလေးကိုမှုတ်ပြီး ကလေးကို တိုက်လိုက်သည် ကလေး နွားနို့ တစ်ဝက်တောင် မကျိုးသေးဘူး
" တော်ပြီ P "
" နည်းနည်းလောက်ထပ်သောက်လိုက်ပါ "
" ဟင့်အင်း "
"နည်းနည်လေး နည်းနည်လေးပဲ ထပ်သောက်လိုက်နော် ကလေး "
"ဟုတ်ကဲ့ "
ကလေးနွားနို့သောက်ပြီး ကျွန်တော်ရင်ခွင်ထဲ တိုးဝင်နေသည် ကျွန်တော် ကလေးကို ဖတ်ထားလိုက်သည်
" ပိန်သွားလိုက်တာ ကလေးရယ် "
"P သက်သာလားဟင် "
"မစိုးရိမ်ပါနဲ့ ကလေး "
" စိုးရိမ်တာပေါ့ P မျက်နှာက ဖြူဖတ်ဖြူရော်နဲ့ သွေးရောင်လည်းမရှီဘူး P တစ်ခုခုဖြစ်သွားရင် ကျွန်တော်သေမှာ ကျွန်တော် P မရှီရင် ဘယ်သူနဲ့နေရမှာလဲ "
" ကလေး ဘာတွေလျှောက်ပြောနေတာလဲ ပြီးတော့ Sing ကို ကလေးဘာတွေပြောထားတာလဲ "
" P'Sing.က မကောင်းဘူး P ကျွန်တော်ကို Pနဲ့လက်ထပ်ထားတဲ့ နောက်အိမ်ထောင် ဒုတိယလူဆိုပြီး အရှုပ်ထုတ်လို့ထင်နေတာ အရမ်းမုန်းဖို့ကောင်းတာပဲ "
"ကလေးအထင်လွှဲနေပြီ "
" မလွှဲဘူး တကယ်ပြောတာ P နေမကောင်းမဖြစ်နဲ့ နော် Pနေမကောင်းရင် ကျွန်တော်အားငယ်တယ် P'Sing ကလည်း ကျွန်တော်ကို အော်ငေါက်ချင်နေတာ "
"Sing က ကလေးကို အော်တယ် ဟုတ်လား "
" ဟုတ်တယ် "
ကျွန်တော် ကလေးကို ဖတ်ထားရင်း ကျောလေးပွတ်ပေးကာ ချော့သိပ်လိုက်သည် ကလေးပြောသလို Sing က ကလေးကို လက်ထပ်လိုက်လို့ အမြင်မကြည့်ဘူးလား ဒါမှမဟုတ် Sing က ကိုယ့်ဝန်မဆောင်နိုင်လို ကလေးကို မုန်းနေတာလား ကလေးအရမ်းပိန်နေတာကို ဂရုမစိုက်ပဲ ပြစ်ထားတာလား Sing ရယ် မင်းပြောတော့ ဘယ်သူမွေးတဲ့ကလေးဖြစ်ဖြစ် လိုချင်တယ်ဆိုပြီး အခုတော့ ကလေးကို မုန်းနေတာလား Sing ရယ်

YOU ARE READING
ကျွန်တော်ချစ်သောသူနှစ်ယောက်
Fanfiction20± threesome ပါနော် ကြိုက်မှဖတ်ပါ ဝေဖန်မှု မပြုပါနဲ့