🚨14🚨

19K 513 34
                                    

luhan ဟာ ထိုင်​ခုံ​ပေါ်မှာ​ထိုင်​​နေရင်းနဲ့ သူ့​​ရှေ့က သူအရမ်း​သောက်​မြင်​ကပ်​တဲ့အ​ကောင်​ကို စိုက်​ကြည့်​​နေမိတယ်​။သူ ကိုရီးယားကိုထွက်​​ပြေးလာ​ရ​အောင်​လုပ်​တဲ့ အဓိကတရားခံဟာသူပဲ။
သူ​ဋ္ဌေးသားဖြစ်​တဲ့သူဟာ ​ဆေး​ခြောက်​သုံးတယ်​ဆိုတာမဖမ်းမိ​အောင်​ luhan အ​ပေါ်ကိုအပြစ်​​တွေပုံချခဲ့တယ်​။
luhan...အတိတ်​ကိုပြန်​စဉ်းစားမိ​တော့ အသား​တွေတုန်​တဲ့အထိ​ဒေါသ​တွေထွက်​လာခဲ့တယ်​။
အခုကိစ္စမှာလဲ အကွက်​ကျကျစီစဉ်​ထားခဲ့တဲ့​ထောင်​​ချောက်​ထဲကို luhan ဝင်​မိသွားခဲ့တယ်​။

Huuu...စိတ်​​လျှော့ luhan...

luhan ... သူ့ရဲ့​ဒေါသ​တွေ​ပြေ​လျော့သွား​အောင်​ ​ဘေးနားရှိစားပွဲခုံ​ပေါ်က ​ဆေးလိပ်​ကိုမီး​ကောက်​ညှိပြီး ဘာရယ်​မဟုတ်​ ​သောက်​​နေမိတယ်​။

" luhan! "

luhan...သူ့ကို​ခေါ်သံ​ကြောင့်​ ​ဆေးလိပ်​ကိုဖွာရင်း တစ်​ချက်​လှမ်းကြည့်​မိတယ်​။

" ကိုယ်​နဲ့​မ​တွေ့ရတဲ့ နှစ်​​တွေအ​တောအတွင်းမှာ မင်းက အရမ်းကိုဆွဲ​ဆောင်​မှုရှိလာတယ်​ "

ရီ​ဝေ​ဝေမျက်​လုံးများနဲ့​ပြောလာတဲ့သူ့ကို တစ်​ချက်​​လှောင်​ရယ်​မိတယ်​။

" ဟုတ်​ လား ? "

luhan ကိုယ်​ကို​ရှေ့သို့ကိုင်းကာ လျှာတစ်​ချက်​သပ်​ပြီး ​ပြောလိုက်​တယ်​။

" မင်းကကိုယ့်ရဲ့​စိတ်​ကိုထိန်းချုပ်​မရ​အောင်​လုပ်​​နေတာပဲ မင်း​ကြောင့်​ ငါရူး​တော့မယ်​ luhan! "

luhan ဟာ အစားခံရ​တော့မယ့်​သား​ကောင်​ဖြစ်​​ပေမယ့်​ ​​ကြောက်​စိတ်​တစ်​စက်​မှရှိပုံမရဘဲ မုဆိုးကို​တောင်​ ပြန်​​​စောင်​ကြည့်​​နေတဲ့ ထူးခြားတဲ့သားရဲတစ်​​ကောင်​ဖြစ်​လို့​နေတယ်​။

သူဟာမတ်​တပ်​ထရပ်​ပြီး luhan ဆီသို့​လျှောက်​လာတယ်​။

" အစားခံရဖို့အတွက်​အဆင်​သင့်​ဖြစ်​ပြီလား luhan? "

" ငါ အစားခံဖို့​ရောက်​လာတယ်​ လို့​ပြောမိလား "

" ​ပြောစရာကိုမလိုပါဘူး "

Sex...y LoveWhere stories live. Discover now