💢Hana💢

17.7K 1.1K 101
                                    

Taehyung Pov~

" Yeontan! ပြန်လာခဲ့စမ်း အဲ့ဘက်ကို မသွားနဲ့"

လုံးလုံး နဲ့ တစ်ဖက်ခြံက ခြံစည်းရိုး ကြားထဲကို ဝင်သွားသော Yeontan ကို
တိုးတိုးလေးလှမ်းခေါ်လိုက်မိသည်၊ ဒါပေမယ့် စကားနားထောင်လွန်းသော
သားတော်မောင်သည် တစ်ဖက်ခြံ၌ ပြေးလွှားပြီးတောင်ဆော့နေသေးသည်
ကျွန်တော့် အသံကို ကြားတယ်လို့ပင်မထင်ရ!

" Grrr! "

ကျွန်တော်လည်း လွယ်အိပ်ကိုခြံထဲက ဒန်းပေါ်သို့ ပစ်တင်လိုက်ကာ
ခြံစည်းရိုးနားကို ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်၊ တစ်ဖက်
ခြံထဲ ဝေ့ဝဲကြည့်မိတော့ မုန်းစရာကောင်းသော ဂြိုလ်သားကို မတွေ့
သေးတာကြောင့် ကျွန်တော်လည်း သက်ပြင်းချလိုက်မိရင်း ခြံစည်းရိုး
ကို ခွကျော်လိုက်သည်။

နောက်တော့ Yeontan ကို ပွေ့ချီလိုက်ရင်း ...

" Kim yeontan! စကားကို နားမထောင်ဘူး!! "

ကျွန်တော် မကျေမနပ်ရေရွတ်လိုက်ရင်း ခြံစည်းရိုးကို ပြန်ကျော်မည်
အပြု ဂုတ်ကနေ ဆွဲလိုက်သော လက်တစ်စုံကြောင့်ရပ်သွားရသည်၊

သေပြီ!!!

" Baby ကိုယ့်ဆီကိုလာလည်တာလား? "

" Yarr!လွှတ်စမ်း Coconut! ငါ ကျောင်းနောက်ကျတော့မယ် "

ကျွန်တော်ရုန်းလိုက်ပေမယ့် သူက မလွှတ်ပေးတယ့် အပြင် မုန်းစရာ
ကောင်းအောင်ရယ်နေသေးသည်၊ ကျွန်တော့်ဘဝ၌ ပထမဆုံး အကြိမ်
ဖြင့် Yeontan ကို ဝယ်ခဲ့မိတာကို နောင်တ ရမိသွားသည်၊ ဒင်းလေး
ကြောင့် ကျွန်တော် အခု ဂြိုလ်သားလက်ထဲရောက်နေတာ!

" Baby လာချင်တိုင်းလာပြီး လွယ်လွယ်ပြန်ထွက်လို့ရမယ်ထင်နေလား
Hmm? အ! Baby"

သူက နားနား ကို ကပ်ပြောလိုက်တော့ ကျွန်တော်လည်း သူ့ရယ့်
ခြေထောက်ကို တက်နင်းလိုက်ရင်း ပြေးလာမိသည်၊ ခြံစည်းရိုးက
ကျော်မရတာကြောင့် သူ့ရယ့်အိမ်တံခါးကိုပဲ ဖွင့်ရင်း ပြေးထွက်လာ
မိသည်၊ ကျွန်တော်လည်း ကိုယ့်အိမ်ထဲ ကိုယ်ရောက်တော့ နာနေ
တယ့် ခြေထောက်လေးကို အသာပွတ်နေသည့် ဂြိုလ်သားကောင်
ကို ကြည့်ကာ ကျေနပ်စွာ ရယ်လိုက်မိသည်။

💢My Annoying Neighbour💢(KOOKV)✔Where stories live. Discover now