💢Final💢

8.7K 775 179
                                    

Thirdperson View~

" မင်္ဂလာပါ ကျွန်တော့်နာမည် Park Bogum ပါ ~ Company
ရယ့် Manager ပါ "

Jeongguk တစ်ယောက် ထို Park Bogum ဆိုသောတစ်ယောက်
သည် ပါးစပ်ကသာ သူ့ကို မိတ်ဆက်နေတာ အကြည့်က သူ့ဘေးက
Taehyung ဆီရောက်နေတာကြောင့် သူလည်း မျက်မှောင်ကြုတ်လိုက်
မိသည်။ Bogum ကတော့ Taehyung ကိုပြုံးပြရင်း လက်ဆွဲ
နှုတ်ဆက်မယ် အပြု....

" အာ...Park Bogum shi တွေ့ရတာ အရမ်းကို ဝမ်းသာပါတယ် "

Jeongguk တစ်ယောက် fake smileဖြင့် ပြောလိုက်ရင်း Bogum
လက်ကို ကြားထဲကနေ ဆွဲကာ နှုတ်ဆက်လိုက်သည်။ Bogum လည်း
မျက်နှာပျက်သွားပေမယ့် Ceo ဆိုတော့ မချိပြုံး ပြုံးကာ နှုတ်ဆက်
ရလေသည်။

Taehyung ကတော့ သူတို့ ၂ယောက်ရယ့် အသံတိတ်စစ်ပွဲကို သတိ
မထားမိသေးပါ။ Jimin နဲ့ မနေ့က ကြည့်သော Lion King
အကြောင်းကို Msg ပို့ရင်း ပြောနေလေသည်၊

" Taehyungie baby? သွားမယ်"

Jeongguk ပြောလိုက်ရင်း ဖုန်းကြည့်နေသော Taehyung အား
အတင်းဆွဲကာ ခေါ်သွားတော့သည်။ သူ့ရယ့် ရုံးခန်းအရှေ့ရောက်
တော့အတွင်းရေးမှူးရယ့် ခုံက အပြင်ရောက်နေတာကြောင့် Jeongguk
က သူ့ရုံးခန်းထဲကို ထည့်ပေးရန် ဝန်ထမ်းများအားပြောလေသည်။

ဒီလောက်ပျင်းစရာကောင်းတယ့် ရုံးခန်းထဲမှာ သူတစ်ယောက်ထဲ
နေစရာလား? နောက်ပြီး ဟို Park Begum လားBingun?
လား အဲ့တစ်ယောက်ရှိနေတာကို သူ့ Taehyung ကိုအပြင်မှာ
ထားစရာလား?

Jeongguk တစ်ယောက် Hoseok ဆီမှ ဖုန်းဝင်လာတာကြောင့်
သူလည်း Taehyung ကြားမည် စိုး၍....

" Taehyungie, ကိုယ့်အတွက် Coffee သွားဖျော်ပေးနော်...."

သူခိုင်းလိုက်တော့ Taehyung က ခေါင်းငြိမ့်ရင်း ထွက်သွားလေသည်။
ထိုအခါမှ Jeongguk လည်း Hoseok ဖုန်းကိုကိုင်လိုက်ရင်း....

"Jeongguk, မင်းပြောတာတွေ အကုန်စီစဉ်ပြီးပြီ "

" သေချာစီစဉ်ထားလား? မင်းတို့ပေါက်ကရ လုပ်ရင် ငါ့အကြောင်းသိ
တယ်မလား? ဟင်းဟင်း...."

"အေးပါ....သိပါတယ် မင်းကလည်း....ဒါပေမယ့် ည ၉နာရီမတိုင်
ခင်တော့ ရောက်အောင်သွားနော်...."

💢My Annoying Neighbour💢(KOOKV)✔Onde histórias criam vida. Descubra agora