💢Ilgot💢

7.6K 872 120
                                    

Taehyung pov~

ကျွန်တော်လည်း လွယ်အိတ်ကိုကောက်ယူကာ dentension roomထဲ
က ခုံ တစ်ခု၌ တင်လိုက်သည်။ အခန်းထဲ၌ အခြားဘယ်သူမှ မရှိ~ ကျွန်တော်
နှင့်  Eng sam ၂ယောက်သာရှိသည်။ ဘာလို့လဲတော့ မသိ Sam သည်
သူ့ အချိန် ဖုန်းခိုးသုံးသော ကျွန်တော့်အား အရင်တစ်ခါလို ဘောလုံးကွင်းပတ်
မပြေးခိုင်းတော့ပါ Detension room ထဲ၌သာ ကျောင်းမဆင်းခင်အထိ
နေရမည်တဲ့~

" Taehyung, ကျောင်းဆင်းမှ ဒီအခန်းထဲက ထွက်ရမယ် ကြားလား? "

" Nae~ "

Gucci ဒီလ ဘာ Brand အသစ်ထွက်လဲ မသိ?

" taehyung? "

အရင်လက ထွက်တယ့် အိတ်လေးလည်း ကျွန်တော် မဝယ်ရသေးဘူး...

" Baby "

ဘယ်လိုပဲဖြစ်ဖြစ် ဒီလတော့ ရအောင်ဝယ်ရမယ်! Gucci collection
တွေ လျော့ကုန်လို့မဖြစ်!

" Baby!!!!! "

နား နားကို ကပ်ကာ အော်လိုက်တာကြောင့် ကျွန်တော်လည်း တွေးနေ
တာတွေ ရပ်သွားကာ ကြည့်လိုက်မိတော့ ကျွန်တော့်ကိုပြုံးကာ ကြည့်
နေသော ဂြိုလ်သားကောင်....

ခုနက အေးချမ်းနေသော အခန်းလေးသည် သူရောက်လာတာနဲ့
စိတ်ပျက်စရာဖြစ်သွားပြီ ....

" ဘာလဲ? သေချင်တာလား? မင်းကြောင့် ငါ Detension ရတာ
ဂေါက်သီးကောင် ~ ဂြိုလ်သားကောင် ~ Coconut ! Muscle
Pig! "

" Daddy "

" Da- yarr! သွား! ခပ်ဝေးဝေးမှာနေ "

ကျွန်တော့်ကို ငုံ့ကြည့်နေသော သူ့အား စောင့် တွန်းလိုက်ပေမယ့် သူက
ရယ်နေရင်း ကျွန်တော့် ရှေ့က စာကြည့်စားပွဲပေါ်သို့ တက်ထိုင်လိုက်
လေသည်။

" အခြားနေရာ သွားထိုင် "

" No "

" သွား "

"No "

ဘယ်လိုပြောပြော မရတာကြောင့် ကျွန်တော် လည်း လက်လျော့လိုက်ရင်း
သူ့ကို လျစ်လျူရှုကာ ကျွန်တော့် baby လေးတွေအကြောင်း ပြန်စဉ်းစား
နေမိသည်။ Gucci တွေ မိုးပေါ်ကနေ သူ့အလိုလိုကျလာရင် သိပ်ကောင်း
မည်။ ဒါမှမဟုတ် Gucci ပိုင်ရှင် သူဌေး က ကျွန်တော့်ကို လာကြိုက်ရင်
လည်း မဆိုးဘူး.... (XD)

💢My Annoying Neighbour💢(KOOKV)✔Donde viven las historias. Descúbrelo ahora