💢Yeol-net💢

6.8K 791 67
                                    

Thirdperson View~

Jeongguk တစ်ယောက် ကျောင်းထဲကို အသည်းအသန် ပြေးဝင်လာလေ
သည်။ ယနေ့သည် သူတို့ Exam ဖြေရမည့် နေ့ဖြစ်သည်။ 8:30 စမည့်
စာမေးပွဲအား Jeongguk သည် 9:00 အတိ၌ရောက်သွားလေသည်။
ဒါပေမယ့် အခြားကျောင်းသားတွေလို Jeongguk သည် " ငါတော့
နောက်ကျပြီ ဘလာဘလာ " ဆိုပြီး ကြောက်လန့်မနေပါ။

နာရီဝက် နောက်ကျတော့ နာရီဝက် စာရေးရတာ သက်သာ သည်ဟု
သာ တွေးလိုက်မိသည်။

တကယ်ဆို စာမေးပွဲဆိုတာသည် ဘာမှ အရေးမပါ ပါ။ သူ့ အတွက်ပေါ့။

" Jeongguk သွား ကိုယ့်ခုံမှာ ကိုယ်သွားထိုင် !"

Mr.Wu က သူ့ရယ့် မျက်မှန်အထူကြီးကို ပင့်တင်ရင်း Jeongguk
ကို ပြောလိုက်သည်။ အခြားကျောင်းသားဆိုရင် အသံကျယ်ကြီးအော်
ကာ ဆူမည် ဖြစ်ပေမယ့် Jeongguk ကိုတော့ Mr.Wu မဆူရဲပါ။

တစ်ခါက နောက်ကျလို့ ဆူလိုက်တာ " မဖြေတော့ဘူး " ဆိုပြီး ထွက်
သွားတာကြောင့် Mr.Wu မှာ မနည်းလိုက်တားရသေးသည်။ နောင်
တွင်လည်း ဘယ်တော့မှ Jeongguk အား မဆူရဲတော့ပါ။

Jeongguk လည်း နောက်ဆုံးတန်းကို ပြေးကာ မျက်မှောင်လေးကြုတ်
ရင်း စာဖြေနေသော Taehyung ဘေး၌ ဝင်ထိုင်လိုက်ရင်း ပြုံးပြလိုက်သည်။
Taehyung ကတော့ Jeongguk ကို တစ်ချက်သာ စိုက်ကြည့်ရင်း
စာပြန်ဖြေနေလေသည်။

မနေ့က Kai ရယ့်ကောင်းမှုကြောင့် Taehyung မှာ မက်မွန်သီး
အကြောင်း သိသွားပြီး Jeongguk အနားကပ်လာတာနဲ့ စောင့်ကန်
တော့သည်။ Jeongguk တစ်ယောက် သူ့အဖေကိုရော ဖုန်းဆက်မေး
တာကို သေချာ ရှင်းပြလိုက်သော Jimin ကိုပါ အမှုန့်ကျိတ် ချင်စိတ်
က တဖွားဖွား!

Jeongguk လည်း သူ့ရယ့် စာမေးပွဲစာရွက်ပေါ်၌ ကြိုးစားပန်းစားဖြင့်
ချရေးလိုက်သည်က

" Taehyung! "

နောက်တော့ Jeongguk လည်း Taehyung နာမည်ကို စာမျက်နှာ
အနံ့ရေးနေရင်း ဘေးနား၌ မက်မွန်သီး ပုံတွေလိုက်ဆွဲနေသည် ။ သူ့ရယ့်
ရှေ့က Yoongi ကတော့ စားပွဲပေါ်ကို ခေါင်းတင်ကာ ပါးစပ်ကြီးဟ ပြီး
အိပ်နေလေသည်။

Jimin ကတော့ သူ့ရယ့် ဘေးနားက စာခိုးချနေသော Hoseok
ဆီမှ တစ်ကြောင်းလောက်ကူးရေးလိုက်၊ ဆံပင် ၃ခါလောက် သပ်တင်
လိုက်နှင့် အလှုပ်ရှုပ်နေသည်။

💢My Annoying Neighbour💢(KOOKV)✔Donde viven las historias. Descúbrelo ahora