ယုံကြည်ပြီး………အရင်းနှီးဆုးံသူစိမ်းတစ်ယောက်
အပိုင်း၈Krist
ကိုကိုအလုပ်သွားပြီတော့ kitလည်း အခန်းထဲမှာ ဝင်အိပ်နေလိုက်သည်။ ညကကိုကိုကဲထားတာလေ အိပ်ချင်နေလို့ ဝင်အိပ်လိုက်သည်။
တံခါးခေါက်သံကြားလို့ ထဖွင့်လိုက်သည်။ ဘယ်သူပါလိမ့် အိပ်ချင်ပါတယ်ဆိုနေ။
တံခါးဖွင့်လိုက်တော့မေမေပါ။ သူမမျက်နာက အရမ်းတည်နေသည်။ မနေ့ကကိစ္စ စိတ်ဆိုးနေတုးံနဲ့တူသည်။ Kitအဲလိုမဖြစ်ချင်ပါ။ မေမေနဲ့ကိုကို ကိုပြေလည်တာပဲ မြင်ချင်တာပါ။SingMar"မင်းမနေ့ညက ဘာအချိုးချိုးတာလဲ… …
Krist"အဲလိုမျိုးမဟုတ် … ……
SingMar"တော်စိမ်းပါ မင်းငါနဲ့ ငါ့သားကို ရန်တိုက်ပေးနေတာလားပြော … …
Krist"မေမေရယ် kitမှာ အဲလိုစိတ်မျိုးမရှိပါဘူး … …
SingMar"မင်းက ငါကောင်းကောင်းမွန်မွန် ဆက်ဆံနေလို့ ခေါင်းပေါ်ချီးတက်ပါတာလား ဟမ် … …
Krist"မေမေရယ် အဲဒါkit ကိုကို ကိုမပြောပါဘူး ဖွားပုပြောပြတာပါ မေမေမယုံရင် ဖွားပုကိုမေးကြည့်ပါ …
SingMar"ဟွန့် ထားလိုက်ပါတော့ ဒီနေ့ ငါဧည့်သည်လာမယ် မင်းသေချာစားပွဲ ပြင်ဆင်ထားပါ သွားတော့ … …
Krist"ဟုတ်ကဲ့ … …
မေမေkitကို အထင်တွေလွဲနေပြီ kitရှင်းပြတာလည်း နားမထောင်ဘူးလေ ဝမ်းနည်းမိလို့ စိတ်မကောင်းဖြစ်မိသည်။ မေမေကို ဆက်ရှင်းပြနေလို့လည်း ယုံမည်မဟုတ် ဒါကြောင့် သူပေးတဲ့ တာဝန်ကိုပဲ ပြီးဆုးံအောင်လုပ် ပေးရမည်။
Kit မီးဖို ချောင်ထဲ ဝင်ကာ ချက်ပြုတ်နေလိုက်သည်၊။ချက်လို့ပြီးတော့ စားပွဲပေါ် ပြင်ဆင်ထားလိုက်သည်။ ဟင်းတွေက အစုံချက်ထားသည်။ မေမေဧည့်သည်လာရင် ကြိုက်မှာပါ ။ အနံလေးတွေကို မွှေးနေတာပဲ Kitတောင် ဗိုက်ဆာလာပြီ။
အိမ်ရှေ့ သို့ ကားတစ်စီးထိုးရပ်လာသည်။
Kitလည်းသွားကြည့်လိုက်သည်။ ကားအနီရောင်လေး အရမ်းလှတာပဲ ပြိုင်ကားလေး ကားလေးကတော်တော် ဈေးကြီးမည့်ပုံပါ။ ကားပေါ်ကဆင်းလာသော မိန်းမလေးတစ်ဦး ခေတ်ဆန်ဆန်ဝတ်ဆင်မူနင့်အတူ သွယ်လျားသောပေါက်တန်များကို အထင်းသားပေါ်အောင် ဝတ်ဆင်ထားတဲ့ ဂါဝန်အတို အဖြူရောင်လေး ကောက်နေသော ဆံသားများကို အစုံလိုက်စီးတဲ့ သူမက မျက်နာကို ပန်းဆိုးပန်းရိုက် ချယ်သထားတော့ အရုပ်လေးလို လှပနေသည်။