ယုံကြည်ပြီး .....................
အရင်းနှီးဆုးံ သူစိမ်းတစ်ယောက်
အပိုင်း၁၃Mook
အိမ်မပြန်တာ တစ်ရက်ရှိပြီ ဖေဖေတို့က စိတ်တော့မပူလောက်ပါဘူးလေ ရှိတယ်လို့တောင် ထင်မှာမဟုတ်ဘူး သတိလည်းရပေမယ့် သူမချစ်ဘူး ငါ့ကိုသူမချစ်ဘူး ဟင့် ဟင့် ဟိုးငယ်ငယ်လေးတည်းက သူအနားမှာ မနေပေးခဲ့ဘူးလေ မုန်းတယ် မုန်းတယ်
Mook"ကျွန်မကို နောက်တစ်ခွပ်ထက်ပေးပါ ... ...
ဝန်ထမ်း"Sorryပါအမ မူးနေပြီထင်တiယ် အတော်များနေပြီ ... ...
Mook"ငါ့ကိုအရစ်မရှည်နဲ့ ငါပိုက်ဆံပေးသောက်တာ နင့်တို့မရှည်နဲ့ ... ...
ခွမ်း ... ...
Mookဒေါသထွက်စွာ ခုံတန်းက အရက်ခွပ်တွေကိုကြမ်းပြင်ပေါ် ပြစ်ပေါက်လိုက်ရာ တစဆီကွဲကျေကုန်ရသည်။ သူမမျက်ဝန်းမှာ ဒေါသများ ကျေကွဲမူများက ပြည့်နှံနေလေသည်။
ဝန်ထမ်း"အမမူးနေပြီပဲ ပြန်သင့်ပြီ ... ...
Mook"ငါ့ကိုမရှည်နဲ့ အ ... ...
Chan"အဆင်ပြေရဲ့လားမိန်းကလေး ... ...
ကျွန်မဒေါသထွက်လို့ ဆိုင်ဝန်ထမ်းကောင်လေးကို လက်ရွယ်လိုက်တာ မူးနေတဲ့အရှိန်ကြောင့် ခြေချောကျသွားသည်။နောက်က လက်တစ်စုံက ခါးကိုထိန်း လိုက်တာကြောင့် ကံအားသင့်စွာ လဲကျမသွားခဲ့ပါ အဆင်ပြေသေးသည်မို့ ပြန်ထလိုက်ပြီး ထိုလူလက်ကို တွန်းဖယ်လိုက်သည်။
Mook"ရပါတယ် ... ...
Chan"သေချာရဲ့လားကွာ မိန်းမလှလေး အဆင်မပြေတဲ့ ပုံပဲ ... ...
Mook"ဖယ်စမ်းပါ ... ...
မိန်းကလေးရဲ့ အလိုမကျမူအော်သံက ဆိုင်တစ်ခုလုးံရဲ့ ဆူညံမူတွေကို တိတ်ဆိတ်သွား တောသည်။ ထိုလူရဲ့ ထက်မံဖက်လာတဲ့ လက်ကိုသူမ အားပါပါတွန်းဖယ်လိုက်ပြီး သူုမဆိုင်ထဲကနေထွက်လာလိုက်သည်။
ခေါင်းထဲရီဝေဝေဖြစ်နေတာကြောင့် Taxiရဲ့ ပြတင်းပေါက်က တံခါးကိုဖွင့်လိုက်ကာ လေရဲ့ထိတွေ့မူကိုအပြည့်အဝခံနေလိုက်သည်။ အရမ်းမူးနေတာကြောင့် ကိုယ့်ကိုယ်ကိုတောင်မနည်းသယ်နေရသည်။ ကားကိုမမောင်းနိုင်တာကြောင့် Taxiလေးရဲ့ အပေါ် မျက်စီမှိက်ကာ အိမ်အကြောင်းတွေးနေမိသည်။