Part11

190 9 0
                                    

ယုံကြည်ပြီး ……………………
အရင်းနှီးဆုးံသူစိမ်းတစ်ယောက်

အပိုင်း၁၁

Mook

ဟိုကောင်စုပ်နဲ့မောင်နဲ့ ထွက်သွားပြီးကတည်း ထွက်လာတဲ့ ဒေါသတွေက လူကိုဆောက်တည်ရာ မရဖြစ်စေသည်။ ဒေါသထွက်နေတာ ကိုယ့်အကြောင်းကိုယ်သိသည် ဒီအိမ်မှာ ဆက်နေရင် ပြဿနာ တက်နိုင်သည်။ ဒေါသထွက်ရင် ပစ္စည်းတွေ ပြစ်ပေါက်ပြီးသောင်ကျန်းတက်သည်။ အဲဒါကြောင့် မောင့်အိမ်ကနေထွက်လာလိုက်သည်။ မောင်ရယ် ဘယ်လောက်ပဲ ရှောင်ပြေးနေပစေ ကျွန်မလက်က မလွတ်ပါဘူး မောင့်ကိုပိုင်တာ ကျွန်မပဲ အတုတွေ ဘယ်လောက်ကောင်းကောင်း နောက်ဆုးံတော့ အစစ်ဆီပဲ လာကျတာပါ မောင့်အတွက် အဲကောင်စုပ်က မကြာခင်မေ့ပြစ်ရမယ့်လူပါမောင်။

ဒေါသထွက်ထွက်နဲ့ မောင်းနေတဲ့ကား ဟန်တယ်ကို တင်းဆုတ်ကိုင်ရင်း နာကျင်နေသော နှလုးံသား သက်သာရာရအောင် အားကုန်အော်ပြစ်လိုက်သည်။

Mook"Krist ငါနှင့်ကိုမုန်းတယ် … … …

တီ တီ တီ တီ   … … … …

ကျွီးးးး ဘုန်း …    … …

နာကျက်မှုတွေနဲ့ ခဏတာတွေ့ဆုံလိုက်ရသည်။ Mookမောင်းနေတဲ့ ကားကသူမရဲ့ ဒေါသကြောင့် သူမမသိလိုက်ခင်မှာပဲ ကားဟန်တယ်ကို လှည့်မိပြီး ကားဦးတည်ဘက်စောင်းသွားရာ ဘေးဘက်ကားရဲ့ လမ်းကြောင်းထဲရုတ်တရက်ဦးတ်ာသွားခဲ့သည်။ ဘေးကားရဲ့ ဘရိတ်ကြောင့် ကံကောင်းစွာ ကားကိုအရမ်းမထိခိုက်စေခဲ့ပါ။ ဒါပေမယ့် အရှိန်တစ်ခုကြောင့် သူမကတော့ ခေါင်းမှာ သွေးတွေနဲ့ ကားဟန်တယ်ပေါ် မှောက်လျှက်သာ ရှိနေခဲ့သည်။

##########

Mook"အားကျွတ်ကျွတ်  … …ကျွန် နာလိုက်တာ … …

ဆရာဝန်"လူနာခဗျ သတိရလာပြီလား  … …

ဘေးကလူနာဆိုတဲ့ ပြောသံကြောင့် mook ဘယ်ရောက်နေလဲ သိလိုက်ပြီး ခဏတာအတွင်း အဖြစ်အပျက်တို့က mookကိုမမှတ်မိစေပါ။ ခေါင်းတွေတောင်ပိုကိုက်လာစေသည်။ ဒါနဲ့ဘေးကစိုက်ပူစွာ မေးနေသော ဆရာဝန်ကို ကြည့်လိုက်သည်။

ဆရာဝန်"လူနာခဗျာ အခြေအနေကောင်းရဲ့လားဗျ ခေါင်းကောကိုက်သေးလားဗျ … …

ယုံကြည်ပြီး.........အရင်းနှီးဆုးံသူစိမ်းတစ်ယောက်Where stories live. Discover now