ယုံကြည်ပြီး …………………
အရင်းနှီးဆုးံ သူစိမ်းတစ်ယောက်
အပိုင်း၁၂SingMar
ညကတည်းက အဲကောင်လေးကို ဒေါသတွေထွက်နေတာ သူအမကို ပြန်များပြောပြလိုက်လားမသိဘူး ပြောရဲပြောကြည့်လေ ငါ့သားနဲ့ အပြတ်ပဲ ဘာမှတ်နေလဲ။ ခုထိပြန်မလာသေးဘူး မနက်စာကိုယ်ဘာသာကိုယ်ချက် ဆိုတဲ့သဘောပေါ့
တွေ့မယ် လာပစေအုးံ ငါ့အကြောင်းကောင်းကောင်းသိမယ် သမီးMook ရှေ့ ဘယ်လောက် မျက်နာပျက်ခဲ့ရလဲ မသိဘူးလား သားSingကလည်းတစ်မျိုး ဘာများကောင်းနေလို့ အစစ်ကိုပြစ်ပြီး အတုမှအတု ဖြစ်နေရတာလဲ မသိဘူး။ဟော့လာပါပြီ အတု ဟွန့် ဒီချိန်မှ အိမ်ပြန်လာတဲ့ မင်းက ငါ့ကိုပမာမခန့် သိပ်လုပ်နေပါလား ကောင်လေး
ဝင်လာတဲ့ သူကို့နောက်ကနေလှမ်းခေါ်လိုက်တော့ဘသူရပ်သွားသည်။Krist"ဟုတ် ဟုတ်ကဲ့အမေ ကျွန်တော်ရောက်ပါပြီ … …
SingMar"တော်တော်မှ ပျော်ခဲ့သေးရဲ့လား ဟင် … …
Krist"ဟုတ်ပျော်ခဲ့ပါတယ်ဗျ … …
ဟမ့် ရွဲ့လို့ရွဲ့မှန်းမသိနဲ့ အတော်အတာပဲ အတာလား လည်လွန်းတာကို အချင်ယောင်ဆောင်တာဟမ်
SingMar"မင်းအမကို ငါတို့အကြောင်း အတင်းချခဲ့သေးလားကွဲ့ … …
နားထောင်ရင်း မေမေရဲ့ စကားတစ်ခု ကတစ်မျိုးတစ်ဖုံ လွဲနေဟန်ရှိသည်။ ထိုကြောင့် 
Krist"အဲလိုမဟုတ်ပါဘူး kitမှာလည်း အဲလိုစိတ်မျိုး မရှိသလို kitမမမှာလည်း မရှိပါဘူး kitတို့က သူများကိုမကောင်းစချေင်တဲ့ စိတ်မရှိပါဘူး
SingMar"မင်းတို့မရှိဘူးဆိုတော့ ငါတို့ကရှိတယ်ပေါ့ဟမ့် … …
Kitအဲလိုသဘောမျိုးပြောတာမဟုတ်ပေမယ့် မေမေက ဘာလို့ မထအနကောက်နေလဲ ဆိုတာနားမလည်နိုင် တမင် ရစ်နေတာလား မသိ ။
Krist"Kitပြောတာအဲလို သဘောမျိုးမဟုတ်ပါဘူး အမေ … …
kitစိတ်မကောင်းဖြစ်မိသည်။ မေမေတို့ဘက်က kitကို ဘာလို့ ခုထိ မကြည်တာလဲဆိုတာ နားမလည်နိုင်ပါ ။ Kitက ကိုကိုရဲ့ တရားဝင်လက်ထက်ထားတဲ့လူပါ။ Kitက ဘယ်လိုဖြစ်တည်မှုမျိုးပဲ ဖြစ်ဖြစ်ပေါ့ ။ စဉ်းစားရင်း ပြောလိုက်တာ kitအသံနည်းနည်းမာသွားသည်။