3

526 56 10
                                    

အပြင်မှကြားနေရသောမိုးသံတဖြောက်ဖြောက်အသံကြောင့်Jungkookနိုးထလာခဲ့သည်...

အိပ်ရာဘေးတွင်ချထားသောနာရီအားကြည့်လိုက်တော့ မနက်လေးနာရီ...

အုံ့မှိုင်းနေသောကောင်းကင်ယံနှင့် စိုစွတ်နေသောပတ်ဝန်းကျင်သည် အင်္ကျီအပါးတစ်ထည်သာဝတ်ထားသောသူ့အဖို့ အေးသည်ဟုဆိုနိုင်သည်

သို့သော်လည်း အေးပေမဲ့အနွေးထည်ဆိုသောအရာသူ့မှာမရှိ....

အတွေးစတို့အားဖျက်တောက်ရင်း  အိမ်အတွင်း၌တာဝန်ရှိသောအလုပ်များကိုလုပ်နေလိုက်သည်...

အချိန်မည်မျှကြာသွားသည်မသိ...  နာရီလက်တံမှာငါးဆိုသောနေရာသို့ညွှန်ပြတော့မည်ဖြစ်သည်...

ထို့ကြောင့် သခင်လေးရှိရာအပေါ်ထပ်သို့တက်သွားရင်း Jungkook၏အမြင်ကိုဖမ်းစားလိုက်သောမြင်ကွင်းတစ်ခု...

လသာဆောင်မှဖြစ်သည်...

သည်းထန်စွာမိုးများရွာကျနေပုံပင်ဖြစ်သည်
ထူးခြားသောမြင်ကွင်းမဟုတ်ပေမဲ့  မိုးကိုကြိုက်သော Jungkook အဖို့တော့စွဲမက်ဖွယ်ရာပင်...

မိုးသည်ပန်းပင်လေးများကိုရှင်သန်စေသည်
ညစ်ပေနေသောမြေပြင်အားသန့်ရှင်းစေသည်
အေးမြစိုစွတ်မှုကိုပေးစွမ်းနိုင်သည်

ထို့ကြောင့်မိုးရာသီအား Jungkookမြတ်နိုးသည်
____________________________

တစ်စုံတယောက်လာမနှိုးသေးပေမဲ့ပွင့်လာသောမျက်ဝန်းများ...

အဘယ်ကြောင့်ဆိုသော်.....
အပြင်၌သည်းထန်စွာရွာနေသောမိုးသံကြောင့်ပင်..

မိုး... Taehyung အရမ်းမုန်းသောအရာတစ်ခု....
မိုးရွာသောနေ့မှာပင်ဘဝ၌အရေးပါသောမိဘများဆုံးပါးခဲ့သည်
မိုးရွာသောနေ့ပင်Taehyungချစ်ရသောသူမ၏သစ္စာမဲ့မှုကိုမြင်တွေ့ခဲ့ရသည်...
မိုးရွာသောနေ့ပင်သူ့မ၏အနီရောင်မျက်ရည်များစွန်းထင်းနေသော Taehyung ၏လက်ကိုမိုးရည်ဖြင့်ပျက်ပြယ်စေသည်...

Taehyungရဲ့ချစ်တက်သောနှလုံးသားနှင့်နူးညံ့သောစိတ်သည် မိုးရေနှင့်အတူမျောပါသွားပြီး သူမဆိုသောသူဟာလည်းမိုးရည်နှင့်အတူစီးမျောပျောက်ကွယ်သွားသည်...

PUPPET [ Hiatus ]Where stories live. Discover now