Part 7

260 30 20
                                    

Zawgyi

"5 နှစ်အတွင်း ပထမဆုံးပဲ "

"ဘာကိုလဲ "

"ဆိုးလ်ကိုပြန်တာလေ "

"aww ဟုတ်သားပဲ
ကျွန်တော်လည်း ဒုတိယအကြိမ် "

"imm "

"မဟုတ်ရင် ခဏ ခဏ ရောက်ဖြစ်မှာ
hyung နဲ့နေနေရလို့ "

"ငါနဲ့ မနေချင်ဘူးလား "

"မနေချင်ရင် ထွက်သွားတာကြာပေါ့
ခုချိန်ထိတောင် စောင့်မနေဘူး"

" မင်းပြောတာက ငါနဲ့နေတာကို ငြိုငြင်တဲ့ပုံစံပေါက်နေတယ် "

"ဟုတ်လား ကျွန်တော်ပြောချင်တာက
အဲ့လိုမဟုတ်ဘူး နားလည်လား
ဘယ်လိုပြောရမလဲ "

"ရတယ် ရတယ် ငါနားလည်တယ် "

မဟုတ်ရင် အရစ်ရှည်တော့မှာ လမ်းတောင်
ကောင်းကောင်းလျှောက်လို့ရမှာ မဟုတ်ဘူး

"Hyung. Uncle လာခေါ်မှာလား "

"Noona လာမှာ appa မအားဘူး"

"အား .....ဘေဘီ Tenten လေး "

ကျွန်တော့်ကိုကျော်ပြီး အနောက်က ချီတာကို
ပြေးဖက်တော့ ဒီတစ်ဦးတည်းသော မောင်လေးက
နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတာပေါ့

Noona အနောက်က တစ်လှမ်းချင်း
လျှောက်လာတာက Gi noona?
ဘယ်တုန်းကရောက်နေတာလဲ
အဲ့လိုဆို uncle Hyuk ကော
ရောက်နေတာလား

"arr Ten တောင် တော်တော်ထွားလာတာပဲ"

"အဲ့လောက်လည်း မဟုတ်ပါဘူး "

"ဟုတ်ပါတယ် ချောလာလိုက်တာလည်းလွန်ရော
ကြည့်ဦး အသားလေးတွေဆို ထိရက်စရာကို မရှိဘူး"

ဆိုပြီး Ten ရဲ့ ပါးကိုဆွဲဖိနေသေးသည်

" Noona ကလည်း ဖြည်းဖြည်းလုပ်ပါ
နာကုန်မယ် "

မနေနိုင်မထိုင်နိုင် ဝင်ပြောမိသည်

"အမလေးဟဲ့ ကိုယ့်မောင်ကိုချစ်လို့ပေါ့
နင်နဲ့ တခြားစီ တကယ် တွေ့တာနဲ့ ဆရာကြီး
အလွန်လုပ်ချင်တာ "

Ten ကတော့ ဘာမှမပြောပဲ ရယ်နေသည်
Gi noona ကလည်း သူ့မောင်ကို စိုက်ကြည့်နေသည်

H.O.P.EWhere stories live. Discover now