Unicode
"Hyun ahh..... "
luggage ကို Ten ဆီတွန်းပို့ခဲ့ပြီး Gi က Irene ကို ပြေးဖက်သည်။
မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်ပြီး နှဖူး နှာခေါင်းချင်းတေ့ပြီး နှုတ်ဆက်လိုက်သည်။"လွမ်းနေရတာ "
Irene ကဆိုတော့ Gi က နှဖူးကိုနမ်းပြီး
"Gi ကလည်း တွေ့ချင်နေတာကို daddy က မလွှတ်ဘူး နောက်လဆိုပဲ မင်္ဂလာပွဲ လုပ်တော့မှာကို "
"Uncle က စိုးရိမ်လို့နေမှာပါ " ဆိုပြီး Gi နဲ့ စကားစဖြတ်ကာ မျက်နှာမကောင်းတဲ့ ကလေးကို လှမ်းကြည့်ပြီး ပြုံးပြတော့ ကျွန်တော်အဆင်ပြေပါတယ်ဆိုတဲ့ အပြုံးမျိုးကို ပြန်ရတယ် ။
Lee Taeyong က ငါ့ကလေးကို စိတ်ချမ်းသာအောင်မထားဘူးပဲ ဆိုးတယ်။"Tennie လာ အိမ်ရောက်မှ တလက်စတည်းနားလိုက် ပင်ပန်းလာတယ်မလား "
Irene ရဲ့အပြောကို Ten က ခေါင်းငြိမ့်ပြလိုက်ပြီး လမ်းဆက်လျှောက်လာခဲ့သည်။
ကားနောက်ခန်းထဲမှာတော့ Ten တစ်ယောက်တည်း အတွေးတွေများနေသည်။
ရှေ့ခန်းက အစ်မနှစ်ယောက်ကတော့ တစ်ရက်မှ အဆက်အသွယ်မရခဲ့တဲ့လူတွေလိုပဲ ပွစိပွစိနဲ့စကားတွေကို ရယ်မောပြောဆိုနေကြတုန်း ။ဖုန်းကို ထုတ်ပြီး စာပို့လိုက်မိတယ် အထူးအဆန်းတော့မဟုတ်ဘူး ကိုယ်လည်းအရမ်းလွမ်းပြီး ရင်ခွင်ထဲပြေးဝင်ချင်နေပြီ
'hyung .....'
စာကိုတွေ့ရင် hyung က ကျွန်တော်ရောက်နေပြီဆိုတာ တန်းသိမှာ။
အိမ်ရောက်တော့ Uncle Hae ကိုလည်း မတွေ့ hyung ကိုလည်း မတွေ့ရ။
Irene Noona က ဇွတ်နားပြီးအိပ်ခိုင်းတာကြောင့် hyungရဲ့ အခန်းထဲဝင်လာခဲ့သည်။ စိတ်ကလည်းခုထိမချသေးသလို စိုးလည်းစိုးရိမ်နေမိသေးသည်။
အခန်းထဲကျန်ခဲ့တဲ့ hyung ရဲ့ laptop ကိုတွေ့တော့ တစ်ခုခု သိရလို သိရငြားစပ်စုဖို့ ဖွင့်လိုက်သည်။
Hyung က သူ့ laptop ယူသုံးလည်း အပြစ်မမြင်တတ်ပေမယ့် သူ့ရဲ့ Mail တွေကိုဝင်ကြည့်ရင်တော့ စိတ်ဆိုးသည်။ ခုကတော့ ဝင်ကြည့်လိုက်ချင်သည်မို့ ။ထိပ်ဆုံးမှာရောက်နေပြီး လတ်တလောပြောထားတဲ့ထဲ ဝင်ကြည့်လိုက်တော့မျက်လုံးပြူးသွားရသည်။
ဒီ mail ပိုင်ရှင်ကို Ten သေချာကိုသိတာကြောင့် ဆက်စပ်မှုကိုသိချင်တာနဲ့ ဖတ်ကြည့်လိုက်တဲ့အချိန်မှာ Ten ပြာယာပါခတ်သွားသည်။
Hyung ကတော့ တကယ်သေတော့မှာပဲ
Yuta hyung ကလည်း သိမယ်မထင်ဘူး