Part 9

198 24 18
                                    

Zawgyi

Taeyong မီးဖိုထဲဝင်သွားတော့ Ten လည်းလိုက်လာခဲ့တယ်

စိုးရိမ်စိတ်တွေများတဲ့ ကိုယ်ကိုကိုယ်
တကယ်သဘောမကျဘူး

"Hyung.. "

"ပြော ကလေး "

"Yuta နဲ့ ဘယ်လိုသိတာလဲ "

"omma အသိရဲ့ သားလေ "

"သိတာကြာပြီလားဟင် "

"omma ဆုံးပြီးသွားတော့ စတွေ့ဖူးတာပဲ"

"aww ..."

"ဘာလို့လဲ Ten "

"Yuta က hyung အပေါ်ကောင်းလား"

"အင်း korea မှာတုန်းက hyung ရဲ့ တစ်ယောက်တည်းသော သူငယ်ချင်းလေ
အလယ်တန်းကျတော့ ကျောင်းပြောင်းသွားတယ်
Ten တက်ခဲ့တဲ့ ကျောင်း ဖြစ်မယ်ထင်တယ် "

အားလုံးနဲ့ ကွဲထွက်နေတဲ့သူ့ပုံစံက
Ten ကို နာကျင်ခြင်းတွေ အစဖော်ပေးခဲ့တာပဲ

hyung ရဲ့ တစ်ယောက်တည်းသော သူငယ်ချင်းတဲ့လား
သူက ကျွန်တော့်ကို အများကြီးနာကျင်စေခဲ့တာ
ကျွန်တော်က သူ့ကို သေလောက်အောင် စွဲလမ်းခဲ့ဖူးတာကို သိရင်​ hyung ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်မလား
နာကျင်ခဲ့ရတာ ကျွန်တော်ဆိုပေမယ့် သူ့ကိုချစ်ခဲ့ဖူးတဲ့ ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်မယ်မလား

"Hyungက ကျွန်တော့်ရဲ့အချစ်ဦးမဟုတ်ခဲ့ဘူး "

ကြောက်ပေမယ့် ခုချိန်က အကောင်းဆုံးဖြစ်မယ်လို့
ကျွန်တော် ထင်တယ်

"ဘာလဲ Yuta လား "

Hyung က သိနေတာလား
ကျွန်တော့်အသံက စပြောကတည်းက
တုန်ယင်နေပေမယ့် hyung က လုပ်စရာရှိတာ လုပ်ရင်း အေးအေးဆေးဆေးလေး ပြောနေတာ

"Yuta ပြောပြထားတာလား "

"အင်း hyung သိတာကြာပြီ Ten
ထိုင်းကိုရောက်ပြီး 2 နှစ်လောက်မှာ
Yuta နဲ့တွေ့ဖြစ်တယ် အဲ့မှာ မင်းနဲ့အတူနေတယ်
ဆိုတာသိတော့ သူပြောပြတာ "

"ဘယ်လောက်ထိပြောပြလဲ "

" Uncle hyuk က သဘောမတူလို့
မင်းတို့ကို တားလိုက်တာတဲ့ "

"လူညာ.. "

"ဟင်.."

ကျွန်တော် ငိုနေမိပြီ ပြောမယ်ဆိုလည်း
သူသေချာသိအောင် ပြောပြသင့်တယ်လေ

H.O.P.EWhere stories live. Discover now