Part 8

233 31 17
                                    

Zawgyi

ချစ်တယ် ဆိုတဲ့စကားလုံးကအများကြီး
လေးနက်မှုရှိတယ်
ကောင်လေးတစ်ယောက်က
အခြားတစ်ယောက်ရဲ့သဘောအတိုင်း
အလိုလိုက်အကြိုက်ဆောင် နေပေမယ့်
ချစ်လား လို့ မေးတဲ့အခါမှာ ကောင်လေးလိုချင်တဲ့ အဖြေကို ပြန်ရခဲ့တာမှ မဟုတ်တာ
တစ်ဖက်လူရဲ့ မျှော်လင့်ချက်တွေကို
ဓားပါးပါးနဲ့ တစ်လွှာချင်း ခွာယူနေသလိုပဲ
နှစ်ဦးနှစ်ဖက်စလုံး အတွက်မကောင်းတဲ့
အခြေအနေကြီးကို ဘာကြောင့်များ
ဖန်တီးနေအုံးမလဲ
အစကတည်းက ချစ်တယ်လို့ မပြောနိုင်ရင်
မပြတ်မသားစတင်ခြင်းဆိုတာကို
မဖြစ်ပေါ်စေခဲ့သင့်ဘူး

ခုတော့ အားလုံးက အတိတ်ဆိုးတစ်ခုပဲဖြစ်နေခဲ့ပြီ
ဆိုးရွားလှတယ် ယုံကြည်မှုတစ်ချို့လည်း
ပျက်ယွင်းခဲ့ရတယ် ပြန်လည်တည်ဆောက်လို့
အဆင်ပြေခဲ့ပေမယ့် စစချင်းတုန်းကဆို
ကိုယ့်ကမ္ဘာမှာ ကိုယ့်ဘက်မှာ ဘယ်သူမှ
မရှိတော့သလိုပါပဲ အရမ်းကို
အထီးကျန်ပြီး နာကျင်စရာကောင်းလွန်းတယ်
14 နှစ်ဆိုတဲ့အရွယ်က ငယ်ရွယ်လွန်းနေပေမယ့်
များသောအားဖြင့် ပထမဦးဆုံး အချစ်ကို
စတင်တွေ့ရှိပြီး လက်တည့်စမ်းချင်ကြတာပဲလေ

နောက်တစ်ယောက်အပေါ်မှာ
သေလောက်အောင် ညွတ်ကျပြီး
ချစ်နေမိတာတောင် အဲ့အကြောင်းအရာကြောင့်
အပြစ်တစ်ခုလို ခံစားမိစေတယ်
အမှားလို့လည်း မဆိုချင်ဘူး စိတ်ကိုမထိန်းနိုင်တဲ့ အချိန်မှာ စိတ်စေရာလိုက်ခဲ့တာလေ
ဒါပေမယ့်လေ အရမ်းကြောက်တာပဲ
အဲ့ကိစ္စ​တွေကြောင့်နဲ့တော့ ကိုယ်အရမ်းချစ်ရတဲ့သူကို အနှောင့်အယှက်မဖြစ်စေချင်ဘူး

အခန်းတွင်းမှာ ညမီးအိမ်မှိန်ပျပျကလွဲလို့ 
ဘာအလင်းရောင်မှရှိမနေ
ကျောပေးပြီးကွေးကွေးလေး
အိပ်နေတဲ့သူ့ကို ကြည့်မိတော့လည်း
အတိတ်က ကိုယ့်ကိုကိုယ် မုန်းမိပြန်တယ်
ပင့်သက်ချမိရင်း အနားကပ်ပြီး ခါးကို
တင်းတင်းကျပ်ကျပ်လှမ်းဖက်လိုက်တယ်
ကျောပြင်ကိုမျက်နှာအပ်ပြီး ပြန်အိပ်ဖို့
ကြိုးစားမိတယ်
အချိန်က မနက် ၃ နာရီရှိနေပြီ
မျက်စိကြောင်ပြီးနိုးလာတာ ဖြစ်မယ်

H.O.P.EDonde viven las historias. Descúbrelo ahora