Minအိမ်၏ ထမင်းစားခန်းထဲတွင် မိသားစုသုံးယောက်
ထမင်းစားနေရင်း အဖေဖြစ်သူမှ"ဂျီ တစ်နေ့တစ်နေ့စားသောက်နေတာ ခေါင်းကိုမဖော်ဘူး
မင်းကဝက်လား🐷''"Apaပဲသိမှာပေါ့''
"ဘာကွ''
"ရှင်ကလည်း ကလေးစားနေတာကို ဘယ်လိုဖြစ်နေတာလဲ''
"မင်းရဲ့သားဘက်ကပါမနေနဲ့ တစ်နေ့တစ်နေ့
အစားအသောက်ဆို ခေါင်းမဖော်တမ်းစားတယ်
အိပ်ပြီဆိုရင်လည်း နှိုးမရဘူး စားတာကလည်းခဏခဏပဲ ငါသိပ်ကြည့်မရတော့ဘူး''"Apaကလည်း ငြိုငြင်တာလား''
"မင်းမိန်းမယူတော့''
"ဗျာ''
"မိန်းမယူတော့လို့ပြောတာ မကြားဘူးလား
အစားများလို့ နားပါအဆီပိတ်နေတာလား''"Apaရာ သူများမိဘတွေက အေဆေးခေါ်ပြောတဲ့
စကားကို အခုလိုဆူပူပြီးပြောရလားဗျ''"အေးဘယ်လိုပြောပြော ဒီစကားပဲ''
"သားကြိုက်တဲ့ကောင်မလေးမရှိဘူး apaရဲ့''
"အေး အဲ့ဒါဆိုလည်း ယောက်ျားယူ''
"ဗျာ''
"Apaဘယ်လိုတွေတောင်ယူစေချင်နေတာလဲဗျာ''
"တစ်ပတ်အတွင်းရအောင်ရှာခဲ့ မရရင် အိမ်ထောင်ဖက်
တွေ့ရမယ်''"ခေါ်လာတာနဲ့ချက်ချင်း သဘောတူမှာမလို့လား''
"တူစရာလားကွ ငါကြိုက်မှ''
"ဟာ apa ဒါဆိုလည်းပင်ပန်းတယ် မရှာခိုင်းနဲ့
Apaကြိုက်တဲ့သူတွေနဲ့သာတွေ့ခိုင်းဗျာ''"3ယောက်တွေ့ပေးမယ် တစ်ယောက်ရွေး''
"Apa''
"ဘာလဲ''
"Kim ceoလက်ထပ်ပြီးနောက်ပိုင်းတုန်းက
လက်ထပ်ဖို့အကြောင်းတစ်ခွန်းတောင်မပြောခဲ့ဘဲနဲ့
အလုပ်ပဲကြိုးစားခိုင်းနေပြီး အခု၅နှစ်ကြာမှ
ဘယ်လိုတွေအသည်းအသန်လာဖြစ်နေတာလဲ''"အေး လွန်ခဲ့တဲ့ငါးနှစ်က မင်းအသက်၂၂နှစ်
အခုငါးနှစ်ကြာပြီးတော့ မင်းအသက်က၂၇နှစ်
နည်းတဲ့အသက်လားကွ ဒိ့ထက်ကြီးလာရင် ဘယ်သူမှ
ယူမှာမဟုတ်တော့ဘူး''
YOU ARE READING
😍Baby Hyung😍(completed)(Z+U)
Fanfiction❤💞ဟိုးရှေးရှေးတုန်းက Kim Namjoonနဲ့ Min Yoongiဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိသတဲ့ကွယ် ငယ်ငယ်ကတည်းကသူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး အရွယ်ရောက်လာတဲ့အခါမှာ Kim Namjoonက Kim Jinnieနဲ့ လက်ထပ်ခဲ့ပြီး Kim Taehyungနဲ့ Kim jungkookဆိုတဲ့ သားနှစ်ယောက်ကိုမွေးခဲ့တယ် M...