💉💊apaတိုက်တဲ့ဆေး💉💊(Z+U)

8K 779 42
                                    

ကျွန်တော်နဲ့ကောင်စုတ်လေး ဟန်မြစ်ကိုလမ်းလျှောက်

ထွက်ခဲ့ကြပြီး ခဏနေတော့ မြက်ခင်းမှာထိုင်လိုက်ကြ

တယ် နှစ်ယောက်လုံးတိတ်ဆိတ်နေခဲ့တယ် အရင်လို

စကားများတဲ့ကောင်စုတ်လေးမဟုတ်တော့ဘူးပဲ

အဲ့တော့ ကျွန်တော်က စကားစပြောရတော့မှာပေါ့

"ကောင်စုတ်လေး မတွေ့တာကြာပြီနော် အဆင်ပြေတယ်
မဟုတ်လား''

"မတွေ့တာကြာတာကbabyပါ ကျွန်တော်ကမဆုံပေမဲ့
အမြဲတွေ့နေရတာလေ အဆင်ပြေလားဆိုတော့ မပြေဘူး
Babyကိုလွမ်းလို့ ''

"ဒါနဲ့ ငါ့ကိုဘာလို့ babyလို့ခေါ်နေတာလဲ ငါ့ပုံစံကိုကြည့်
ပြီးတော့babyထင်မနေနဲ့ hyungကွ မင်းထက်၂နှစ်
ကြီးတယ်''

"Baby ၂နှစ်ကြီးတာ ကျွန်တော်သိတယ်
Babyရဲ့ အကြောင်းအကုန်သိတယ်
မနေ့ကအထိဘာတွေ လုပ်တယ်ဆိုတာကအစ babyရဲ့
ကိစ္စမှန်သမျှ ကျွန်တော်သိတယ်''

"ဟားဟား မဖြစ်နိုင်တာ''

"ကျွန်တော်က ချစ်ရတဲ့သူပါ baby''

ဘာလဲ သူဘာလို့အဲ့လိုပြောတာလဲ
အဲ့လိုပြောလိုက်တဲ့အချိန် သူ့မျက်ဝန်းတွေက
အရမ်းလေးလေးနက်နက်ရှိပြီး အရမ်းတည်ကြည်တယ် ဘာလို့ကျွန်တော်က ရင်ခုန်နေရတာလဲ နဂိုကတည်းကမှ ရင်ခုန်ချင်နေတာ အခုလိုပြောတော့
ကျွန်တော်ပိုရင်ခုန်တာပေါ့

"အဲ့ အဲ့လိုကြီး ကြည့်ပြီး မပြောနဲ့''

ပြောလိုက်ကာမှ ဘေးနားကပ်ထိုင်ပြီး မျက်နှာကိုနီးနီးကပ်
ကပ်ကြည့်လာတဲ့သူ

"ဘာ ဘာလဲ ဘာလုပ်မလို့လဲ''

ဘာလို့စကားတွေကထစ်နေရတာလဲ😳
အဲ့လိုပြောလိုက်တာကို သူကကျွန်တော့နှာဖျားလေးနဲ့
သူ့ရဲ့နှာဖျားလေးကို ထိပြီး ကလေးတစ်ယောက်ကို
ချော့မြှူသလိုပွတ်ဆွဲပြီးတော့

"ချစ်လို့ အရမ်းချစ်လို့ babyကိုအရမ်းချစ်လို့''

အား ရင်တွေခုန်နေပြီ သူကကျွန်တော့ကို ကလေးလို့
ထင်နေတာလား ကျွန်တော့်ထက်သူကငယ်တယ်လေ
ဘာတွေလာလုပ်နေတာလဲ😚ရှက်လွန်းလို့ လူလည်း
ထူပူနေပြီ လေတဖြူးဖြူးတိုက်နေတဲ့ ဟန်မြစ်ကြီးဘေးမှာ
ကျွန်တော်ထူပူနေခဲ့တယ် အချစ်လား?

 😍Baby Hyung😍(completed)(Z+U)Where stories live. Discover now