ကျွန်တော်နဲ့မောင်နဲ့ ချစ်သူဖြစ်တာ ၂ရက်ကြာခဲ့ပြီ
အခုဆို မောင်က ကုမ္ပဏီကိုဦးဆောင်နေပြီး ကျွန်တော်က
သင်တန်းတက်လိုက် မောင့်ကိုကူညီလိုက်နဲ့အဆင်ပြေလို့
ဒီနေ့ကတော့ သုံးရက်မြောက်နေ့ သင်တန်းကအပြန်
မောင်နဲ့အတူ ကော်ဖီပူပူနဲ့ပီဇာစားရအောင် ပီဇာတစ်ချပ်ပဲ
ဝယ်ခဲ့လိုက်တယ် ကော်ဖီကတော့ ရုံးမှာဖျော်မယ်လေ
ထမင်းစားချိန်နီးနေပြီမလို့ နှစ်ချပ်စားရင်
ထမင်းမစားနိုင်ဘဲနေလိမ့်မယ် မောင်ကထမင်းမစားရင်
မကြိက်ဘူး ဆူတယ်လေ မောင့်ကိုချစ်တော့လည်း
မောင့်စကားနားထောင်ရတာပေါ့ 😊
ကိုယ့်အတွေးနဲ့ကိုယ်ပျော်ရင်း ပီဇာဘူးလေးကိုကိုင်ပြီး
ကုမ္ပဏီထဲဝင်တော့ နှစ်လိုဖွယ်ရာအပြုံးတွေနဲ့ ဦးညွှတ်ပြီး
နှုတ်ဆက်နေကြတာ သာယာဖွယ်အတိ အို ဒီနေ့တော့
နှင်းတွေကျနေပေမဲ့ ရာသီဥတုက သာယာနေတာပဲ
မောင်ရှိနေမယ့် ရုံးခန်းကိုရောက်ဖို့ အထပ်ပေါင်းများစွာနဲ့
အခန်းပေါင်းများစွာကို ကျော်ဖြတ်နေရင်း အစည်းအဝေး
လုပ်တဲ့အခန်းအရောက် ကျွန်တော့မျက်လုံးတွေ မယုံနိုင်
ဘာတွေမြင်လိုက်ရတာလဲ မြင်လိုက်ရတာတွေကကော
အမှန်တွေလား မဖြစ်ဘူး မောင်မြင်လို့မဖြစ်ဘူးဆိုတဲ့
အတွေးနဲ့ရှောင်မိရှောင်ရာပြေးရှောင်မိတာက သန့်စင်ခန်း
တော်သေး အထဲမှာလူရှိမနေလို့ ကံမကောင်းချင်တော့
လူဝင်လာတဲ့အသံကြားတာနဲ့ အိမ်သာခန်းထဲဝင်ပုန်းမိတာ
မတော်တဆ ကိုယ်ပြန်သွားမိရင်တောင် ကိုယ်ရောက်လာ
တဲ့အကြောင်း မောင့်ကိုမသိစေချင်ဘူး စောစောက
မြင်လိုက်ရတဲ့ မြင်ကွင်းက မျက်လုံးထဲ ပြန်ဝင်လာခဲ့တယ်
YOU ARE READING
😍Baby Hyung😍(completed)(Z+U)
Fanfiction❤💞ဟိုးရှေးရှေးတုန်းက Kim Namjoonနဲ့ Min Yoongiဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိသတဲ့ကွယ် ငယ်ငယ်ကတည်းကသူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး အရွယ်ရောက်လာတဲ့အခါမှာ Kim Namjoonက Kim Jinnieနဲ့ လက်ထပ်ခဲ့ပြီး Kim Taehyungနဲ့ Kim jungkookဆိုတဲ့ သားနှစ်ယောက်ကိုမွေးခဲ့တယ် M...