ကျွန်တော် နားနေခန်းထဲရောက်တော့apaကမင်္ဂလာပွဲကို
ဘာကြောင့်ဖျက်ချင်တာလဲလို့ မေးလာခဲ့တယ် ကျွန်တော်
မပြောနိုင်ခဲ့ဘူး စိတ်ထဲမှာတော့ မောင့်ကိုယုံကြည်တဲ့စိတ်
မြင်ခဲ့ရတဲ့မြင်ကွင်း အဲ့ဒိနှစ်ခုကလွန်ဆွဲနေပြီး နှလုံးသားကို
ဆူပွက်စေခဲ့တယ် ဘာအဖြေမှမပေးနိုင်ဘဲ မျက်ရည်တွေ
အဆက်မပြတ်ကျနေခဲ့တယ် apaလည်းစိတ်မကောင်းတဲ့
ပုံစံဖြစ်နေပြီ omaကတော့သိပ်မသိသေး apaဆူထား
လို့ငိုနေတာဟုသာထင်၍ apaကိုမဆူဖို့ပြောရင်း
ကျွန်တော့ကိုဖက်ကာချော့နေခဲ့သည် လူဆိုသည်မှာလည်း
ငိုနေတဲ့အချိန်လာချော့ရင် ပိုဝမ်းနည်းပြီး ငိုမိစမြဲမို့
မျက်ရည်တွေက ပိုတိုးလို့သာ ကျလာခဲ့ရသည် ထိုအချိန်
တံခါးကဝုန်းခနဲပွင့်လာလို့ ကြည့်မိတော့ မောင် မောင်ရယ်
ချွေးတွေလည်းစိုရွှဲနေတာပဲ ဒါကတော့ကျွန်တော်ပိုင်တဲ့
ကျွန်တော့ရဲ့ပိုင်ဆိုင်မှု မောင် ဒါဆိုဖက်နေတဲ့သူက
ဘယ်သူပိုင်တာလဲ ကျွန်တော်မဟုတ်တဲ့အခြားသူကို
ဖက်နေတဲ့ကုကီကို ကျွန်တော်မပိုင်ဘူး 😭😭😭😭
Omaကိုသာ အတင်းတိုးဖက်ရင်း ပိုငိုမိတယ် omaက
မင်္ဂလာဆောင်ခါနီးလူတစ်ယောက်ရဲ့ ငိုရခြင်းက ဝမ်းသာ
တာနဲ့ဆိုင်တယ် ကျွန်တော်ကကပ်ချွဲချင်နေတယ်ထင်ပြီး
ချော့မြှူတဲ့စကားတွေပြောနေပေမဲ့ apaက omaကို
ကလေးနှစ်ယောက်စကားပြောမလို့ထင်တယ်သွားကြမယ်
ထွက်သွားကြတယ် ထွက်ခါနီးမှာတော့ မောင့်ရဲ့ပခုံးကို
အားပေးသလို ပုတ်သွားခဲ့သေးသည် apaတို့သွားတော့
မောင်က ကျွန်တော့ရှေ့မှာ ငုတ်တုတ်လေးထိုင်ပြီးတော့
"ဘေဘီ ဘာလို့ငိုနေတာလဲ ဘာဖြစ်လို့လဲ''
" .....''
YOU ARE READING
😍Baby Hyung😍(completed)(Z+U)
Fanfiction❤💞ဟိုးရှေးရှေးတုန်းက Kim Namjoonနဲ့ Min Yoongiဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိသတဲ့ကွယ် ငယ်ငယ်ကတည်းကသူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး အရွယ်ရောက်လာတဲ့အခါမှာ Kim Namjoonက Kim Jinnieနဲ့ လက်ထပ်ခဲ့ပြီး Kim Taehyungနဲ့ Kim jungkookဆိုတဲ့ သားနှစ်ယောက်ကိုမွေးခဲ့တယ် M...