စာမျက်နှာ ၇၇

78 8 1
                                    

နောက်ဘဝများရှိခဲ့ရင် ကိုကို့ရင်ခွင်ထဲက ခွေးပေါက်လေးက ကျွန်တော်ပဲ ဖြစ်စေရမယ်။ ကျွန်တော့်တစ်နေတာကို ကိုကို့ရင်ခွင်ထဲက စပြီး ကိုကို့ရင်ခွင်ထဲမှာပဲ ဆုံးမယ်။ စိတ်လိုလက်ရရှိတဲ့ နံနက်ခင်းတချို့မှာ ကိုကိုနဲ့ လမ်းလျှောက်ထွက်မယ်။ လမ်းတလျှောက်က ကိုကို့ကို အထာပေးတဲ့ မိန်းမငယ်တွေကို ကျွန်တော် ရန်လိုမိတဲ့အခါ ကိုကိုက ဆူမှာလား။ ''ကလေးလေးက မဆိုးနဲ့ကွာ''လို့များ ကိုကိုပြောလာခဲ့ရင်တော့ ကိုကို့ပါးပေါ် အနမ်းပိစိလေးတွေ ကြဲပစ်ဖို့ ကျွန်တော်စိတ်ကူးထားတယ်။ မီးလင်းဖိုဘေး ကိုကို့မေးဖျားလေးကို နမ်းရင်း ကုန်ဆုံးရမယ့် ခရစ်စမတ်ညတွေ။ ဗျောက်သံတွေကို အကြောင်းပြုပြီး ကိုကို့ရင်ခွင်ထဲ ဝင်ခွေရမယ့် နှစ်သစ်ကူးရက်တွေ။ မီးဖိုချောင်ထဲ အလုပ်ရှုပ်နေတဲ့ ကိုကို့ကျောပြင်ပေါ် အတင်းတွယ်ကပ်နေမယ့် နံနက်ခင်းတွေ။ ကိုကို့ပခုံးပေါ် လှဲမီရင်း ကော်ဖီတစ်ခွက်နဲ့ အနာဂါတ်အကြောင်း တိုင်ပင်ရမယ့် တနင်္ဂနွေနေ့တွေ။ နောက်.. ကိုကို့မျက်လုံးလေးတွေပိုင်တဲ့ ပိစိလေးတစ်ကောင်နဲ့ အပြိုင် ဘယ်သူ့ကို ပိုချစ်လဲ မေးရင်း ကိုကို့ကို စိတ်ကောက်ရမယ့် ညနေခင်းတွေ။ နောက်ထပ် ရောက်လာဦးမယ့် ကိုကိုနဲ့ ကျွန်တော့်ရဲ့ နှလုံးသားတချို့တွေ။ ပျော်စရာ ရက်၊ လ၊ နှစ်တွေ။ နောက်ဆုံး.. သူတို့အားလုံး ကျွန်တော့်ဘဝထဲက ပြန်ထွက်သွားကြတဲ့အခါ ဝမ်းနည်းအားငယ်နေမယ့် ကျွန်တော့်လက်ကို ဆွဲရင်း ကိုကိုတစ်ယောက်တော့ ကျွန်တော့်အတွက် ထာဝရဖြစ်ကြောင်း အတည်ပြုပေးပါ။ အဲ့ဒီအခါ နေရောင်နွေးနွေးအောက်မှာ သွားကျိုးလေးနဲ့ ပြုံးပြနေတဲ့ ကိုကိုက ကျွန်တော့်အတွက် ချစ်ဖို့အကောင်းဆုံးဖြစ်နေဦးမှာ သေချာပါတယ်။

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Dec 08, 2018 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

S E R O T O N I NWo Geschichten leben. Entdecke jetzt