စာမျက်​နှာ ၆၂

140 22 2
                                    

မငို​တော့ဘူး ငယ်​။
မင်းနဲ့ နီးခွင့်​မရှိတဲ့ ဘဝတစ်​ခုအတွက်
အရင်​လို ကိုယ်​မငိုဖြစ်​​တော့ဘူး။
ဝေးမသွား​တော့မယ့်​ အ​နေအထားတစ်​ခုကိုပဲ
ကိုယ်​​ပျော်​တတ်​လာတယ်​။
ရယူခြင်း​တွေ ​ပေးဆပ်​​ခြင်း​တွေက
တကယ်​​တော့ ​စောက်​ပို​တွေပါ။
ချစ်​ခြင်း​မေတ္တာကို မင်းလို့ ​ခေါင်းစဉ်​တပ်​ပြီး​နောက်
မင်းကို ​ငေးကြည့်​​ခွင့်​ကသာ
ကိုယ့်​အတွက်​​တော့ အရာရာပဲ။
ဒါကို မင်းတစ်​​ယောက်​ နားလည်​ဖို့​​တော့ မလိုဘူး​လေ။
မင်းမရှိလဲ ဖြစ်​ချင်​​ယောင်​​ဆောင်​ရင်း
ကိုယ့်​မနက်​ဖြန်​​တွေကို နိုးထမယ်​။
ကိုယ်​​နေ​ပျော်​သလို​နေရင်း
တခါတ​လေ​တော့လည်း မင်းကို​မေ့မယ်​။
မ​တော်​တဆများ ဘဝမှာ လမ်း​ပျောက်​သွားတဲ့အခါ
အရင်​လိုပဲ မင်းကို ပြန်​ရှာမယ်​။
မင်းရှိရာအရပ်​ကပဲ ကိုယ့်​​ခြေလှမ်း​တွေ ပြန်​စမယ်​။
မင်းရှိရာအရပ်​ကိုပဲ ကိုယ့်​​ခြေလှမ်း​တွေ ဦးတည်​မယ်​။
မင်းရှိရာအရပ်​မှာပဲ ကိုယ့်​​ခြေလှမ်း​တွေ အဆုံးသတ်​မယ်​။
ဒါ​ကြောင့်​ မ​​ကြွေပါနဲ့။
မင်းမရှိရင်​ တစ်​ဘဝလုံးစာ လမ်း​ပျောက်​သွားမယ့်
ကိုယ့်​ကို သနားသဖြင့်​ ဘယ်​​တော့မှ မ​ကြွေလိုက်​ပါနဲ့လား
မြောက်​အရပ်​က ဥက္ကာခဲ​လေး​ရေ...။

ဒူဝံကြယ်​နှင့်​ (၆)နှစ်​တာ

S E R O T O N I NDonde viven las historias. Descúbrelo ahora