စာမျက်နှာ ၆၉

154 12 0
                                    

အချစ်ဦးနဲ့ အမှတ်​တရလို့ ​ပြောတော့
မူလတန်းက​လေး​လေး​တွေနဲ့ အမှာပါးတတ်​တဲ့
နှင်းဆီပွင့်​နီ​လေး​တွေကို ဦးဆုံးလွမ်းတယ်​။
စာ​ရေးစားပွဲ​ပေါ်က ပိုင်​ရှင်​မဲ့ စတော်​ဘယ်​ရီဘီစကစ်​မုန့်​​လေး​တွေကို​ရော။ စက်​ဘီးခြင်းထဲက အသည်းပုံစာရွက်​​ခေါက်​​လေး​တွေ​ကို​ရော။ ဆရာမနား​နေ​ဆောင်​​ရှေ့ အ​ကြောက်​အလန့်​မရှိ ချစ်​တယ်​လို့ ​အော်​​ပြောတတ်​တဲ့ ​ကောင်​​လေးကို​ရော။ အစစအရာရာလွမ်းပါတယ်​။ ​ဘောပင်​ဆင်​တူ​လေး​​တွေက မ​တော်​တဆမဟုတ်​ခဲ့​ကြောင်းနဲ့ အကြည့်​ချင်း မဆုံရဲခဲ့တာဟာ ရှက်​​နေခဲ့ခြင်း​သာ ဖြစ်​​ကြောင်းကို​တော့ ကျွန်​​တော်​​ပြောမပြလည်း ရိပ်​မိမယ်​လို့ ထင်​ပါတယ်​။ "​နင့်​အတွက်​ ကျောင်းက ပန်းခြံထဲက ခိုးခူးလာတာ"ဆိုတဲ့ တုန်​တုန်​ယင်​ယင်​​အသံပိုင်​ရှင်​​လေးက လက်​ထဲက နှင်းဆီဖြူနဲ့အပြိုင်​ ဖြူစင်​​နေခဲ့ဖူးပါ​သေးတယ်​။ ကျွန်​​တော့်​အိမ်​နာမည်​ကို တိုးတိုး​ရေရွတ်​ရင်း ပြုံး​နေတတ်​တဲ့​ကောင်​​လေးက ဘယ်​​တော့မဆို ကျွန်​​တော့်​နာမည်​ရင်းကိုသာ ခပ်​တည်​တည်​နဲ့ ​ခေါ်​လေ့ရှိပါတယ်​။ ကောင်းကင်​ပြာ​ရောင်​က ​အေးချမ်းတယ်​လို့ သူ​ပြောတုံးက ဂျင်းကုတ်​ အပြာ​ရောင်​​လေးနဲ့သူက ပို​အေးချမ်းခဲ့​ကြောင်းကိုလည်း ပြောပြချင်​ပါ​သေးတယ်​။ စကားနည်းနည်းပဲ ​ပြော​လေ့ရှိ​ပေမယ့်​ ​ပြောတဲ့စကားတိုင်းကိုလည်း ရင်​ခုန်​ခဲ့ရပါတယ်​။ ​ဘေးနားက ဖြတ်​​လျှောက်​ရုံနဲ့ ရတတ်တဲ့ မင်းရဲ့ကိုယ်​သင်းနံ့နဲ့ မင်းသုံး​နေကျ တစ်​သျှူးနံ့​လေး​တွေကလည်း ဘဝတဆုံး မေ့မရတော့မယ့် မြတ်နိုးခြင်းများပါပဲ။ "​ရေခဲမုန့်​စားတာ ငါ့ကို လွမ်းလို့မလား"လို့ ပိုင်​စိုးပိုင်​နင်းစွပ်​စွဲတတ်​တဲ့ ​ကောင်​က​လေး​ရေ။ အခု​တော့ဖြင့်​ ​မင်းကို လွမ်းတိုင်း ​ရေခဲမုန့်​စားဖြစ်​​နေပါတယ်​။

( အချစ်​ဦးနဲ့ပါတ်​သတ်​လို့ မ​ကောင်းတဲ့အမှတ်​တရ​တွေကို ဖျက်​ပစ်​ပီး ​ကောင်းတဲ့ အမှတ်​တရ​လေး​တွေကိုပဲ မှတ်​ထားမယ်​ဆိုရင်​ အချစ်​ဦးပုံပြင်​တိုင်းက လှ​နေမှာပါ။ ကိုယ်က​တော့ ကိုယ်တို့နှစ်​​ယောက်​ရဲ့ အမှတ်​တရ​​တွေထဲကမှ အထက်​တန်း​ကျောင်းသားဘဝရဲ့ အလှဆုံးအမှတ်​တရ​လေး​တွေကိုပဲ စိတ်​ထဲမှာ သိမ်းထားဖြစ်​ပါတယ်​။ အချစ်​ဦးတိုင်းက လွဲတတ်​တာ​ကြောင့်​ ကိုယ်က​တော့ သူနဲ့ လွဲခဲ့ရတာကို နည်းနည်းမှ ဝမ်းမနည်းမိပါဘူး။ သူ့ရဲ့အချစ်​ဦးကလည်း ကိုယ်ဖြစ်​ခွင့်​ရခဲ့ရုံ၊ သူ့ဆီက အချစ်​ခံခဲ့ရရုံနဲ့တင်​ ကိုယ့်ရဲ့အချစ်​ဦးပုံပြင်​က ပြည့်​စုံခဲ့ပါပြီ။ လွမ်းစရာရှိလည်​ နာစရာနဲ့ ဖြေဖြစ်မှာ မဟုတ်ပါဘူး။ နာစရာမရှိအောင်ကို လှလှပပလည်း အချစ်ခံခဲ့ရတဲ့အတွက် အမြဲတမ်း အမှတ်တရနဲ့ ကျေးဇူးတင်နေမိမှာပါ။ ရောက်တဲ့နေရာမှာ ချစ်တဲ့သူနဲ့ အမြဲတမ်း အဆင်ပြေပါစေလို့လည်း သတိရခြင်းများစွာဖြင့် ဆုတောင်ပေးပါတယ် )

S E R O T O N I NOpowieści tętniące życiem. Odkryj je teraz