#1(Unicode)

728 42 3
                                    


Baek တစ်ယောက် မှန်ရှေ့ ှ ပတ်ပတ်လည်ကြည့်ပြီး ပြင်လို့ ဆင်လို့ ပြီးဘီဆိုမှကျောင်းသို့သွားရန် ဆင်းလာလေသည်။

ပြိုင်ကားလေးတစ်စီးနဲ့ သွားလာရခြင်းမှာ သူ့ရဲ့ ဝါသနာလိုပင် ။

သူသည်ခပ်မိုက်မိုက် ကောင်လေးတယောက်အဖြစ် နာမည်ကြီးခြင်းပင် မဟုတ်ပဲ အင်္ဂလိပ်စာအထူးပြု ကျောင်းသားဖြစ်နေခြင်း ၊ Byun appaနဲ့ omma တို့ရဲ့ တဦးတည်းသောသားဖြစ်နေခြင်း။

Mr Byun မှာ စီးပွားရေးလောကတွင် အရမ်းအောင်မြင်နေပြီး ထိုလောကတွင် မသိသူမရှိသလောက် နာမည်ရသူဖြစ်သည်။

ဒါကြောင့် baekhyun ဘဝမှာ ဘာမှ လိုလေသေးမရှိအောင် ပြည့်စုံသူဖြစ်သည်။ သို့သော် မိဘအပေါ် ဆိုးသွမ်း စိတ်ဆင်းရဲအောင် လုပ်နေသူလဲ မဟုတ်ပြန်။

" omma သားကျောင်းသွားတော့မယ် "

ဧည့်ခန်းထဲတွင် ကော်ဖီထိုင်သောက်နေသော အမေဖြစ်သူအား နှုတ်ဆက်လိုက်သည်။

" byunne တခုခုစားသွားအုံးလေ "

" မစားတော့ဘူး omma သားနောက်ကျနေလို့ သွားဘီ .. Popo 😚😚"

" aigoo.. uri byunne mwahh 😚"

" သွားဘီ omma ရေ "

" ကားကို ဂရုစိုက်မောင်းနော် byunne ရေ "

" nae .. Omma "
---------------------
ကျောင်းဝန်းထဲသို့ ကားဝင်လိုက်သည်နဲ့ sehun ကို လှမ်းမြင်လိုက်လေသည် ၊ မြင့်မားသောအရပ်နှင့် လိုက်ဖက်ညီအောင် ခန္ဓာကိုယ်အချိုးစားနဲ့ ချောမောခန့်ညားသန့်စင်သော sehun သည်လဲ သူတိ့ုကျောင်းတွင် နာမည်ကြီး လူငယ်တယောက်ဖြစ်သည်။

" ya oh se .. မင်းရောက်နေတာ ကြာဘီလား "

" မကြာသေးပါဘူး ၊ မင်းကားဝင်လာတာတွေ့လို့ ရပ်စောင့်နေတာ "

" ငါမှာတဲ့ စာအုပ်တွေကော ရရဲ့လား "

" အကုန်ပါ ပါတယ်ကွာ .. မင်းပြောသမျှ ငါအလေးထားပါတယ်ကွ ! "

" ဟီးးး အဲ့တာကြောင့် မင်းကို ချစ်တာ "

လို့ ပြောကာ sehun ပါးနှစ်ဖက်ကို ခပ်ဖွဖွ ဆွဲညှစ်လိုက်သည် ၊ sehun ခမျာတော့ ဒါကိုပဲ အရည်ပျော်နေရသည်လေ ။

light of love (အခ်စ္ရဲ့ အလင္း)Where stories live. Discover now