" ဒီက အမျိုးသမီးက ဘယ်သူလဲဗျ .. "
အသိပြန်ဝင်လာတဲ့ chanyeol က ချောင်းဟန့်ရင်း...
" ဟို .. သူက .. "
" သူကကော ဘယ်သူလဲ ကိုကို ... "
Yeol ခေါင်းနပန်းကြီးသွားပြီး အရင်က သိပ်ချစ်ခဲ့ဖူးတဲ့ အသံတို့ကို အကြာကြီးနေမှ ပြန်ကြားရတော့ ရင်ထဲ တမျိုးဖြစ်မိသည် ..
ဟမ်..ဘာလား? ကိုကိုဆိုပဲ .. သေချာပြီ .. ဒါအဆက်ဟောင်း ဇာတ်လမ်းဆိုတာ ..
" သူက ကိုယ့် အတွင်းရေးမှူ းပါ .. Byun Baekhyun တဲ့ ! "
Baekhyun အကြီးအကျယ် shock ရသွားသည် .. အတွင်းရေးမှူးတဲ့လား ?? ဒီနာမ်စား သုံးမိသွားရလောက်အောင် ဒီအဘိုးကြီးရူးသွားတာ များလား ?
ဒီမိန်းမ မေးတော့ ခပ်သွက်သွက် ဖြေပြီး သူမေးတာကျ အ,အ ကြီး ဘီးကျိတ်သလိုနဲ့ !!
" အော် .. ဒါဆို တို့နှစ်ယောက်စကားပြောချင်လို့ ခဏရှောင်ပေးပါလား ချာတိတ်! "
ချာတိတ် ? ဒီချာတိတ်က မင်းဘိုးအေရဲ့ လင်ဆိုတာ ...
" ကျွန်တော်က ဘာလို့လဲ ? "
Baek ခပ်တန်းတန်းပြောလိုက်တာကြောင့် အကြည့်တို့ရဲ့ ဦးတည်ရာကိုပြောင်းလိုက်ပြီး မဲ့ပြုံးလေးနဲ့ နုှတ်ဆက်လိုက်သည် .. ။
" မင်္ဂလာပါချာတိတ် ၊ တို့က ... "
" ခဏလောက်ထွက်ပေးပါလား baekhyun ! "
အွန်ဝါတောင် ဘာမှမပြောလိုက်ရသေးသလို၊ တဖက်က baek မှာလဲ တခြားကမ္ဘာရောက်သွားသလို အဆက်ဆံရတာကြောင့် အနည်းငယ်ကြောင်အ သွားလေသည် .. ဘဲကြီးက ဘာလဲ ?
Chanyeol က ခဏရှောင်ပေးဖို့ ထပ်ပြောလာတာကြောင့် ဆောင့်အောင့်ကာ ထွက်သွားပေးလိုက်သည် ။
ဂုဏ်ဆာအပြုံးနဲ့ ကျန်ရစ်သူရဲ့ မျက်ခွက်ကို တချက်ကြည့်လိုက်ပြီး baek ပြန်၍ မဲ့ပြုံးပေးလိုက်သည်.. ဘာပဲဖြစ်နေပါစေ ဘဲကြီးက သူ့အပိုင် !
" မင်းဘာလာလုပ်တာလဲ ? ငါ့ဆီမှာ ဘာကျန်သေးလို့လဲ အွန်လေး ! "
" ဟင်းဟင်း ကိုက အွန်လေးလို့ ခေါ်ပုံထောက်ရင် တို့ကို မမေ့သေးဘူးထင်တယ် .. အွန်လေးလဲ ကို့ကို အရမ်းသတိရနေတာ ပြီးတော့ .. "