Ring ... Ring .. Ring .." babe လား "
" အင်း ကျွန်တော် CEO ရဲ့ reception မှာ "
" ဟေ ဘာလုပ်နေတာလဲ မဝင်လာပဲနဲ့ "
" appointmentမလုပ်ထားရင် တွေ့လို့ မရဘူးဆိုလို့"
" ခ်ခ် ဟုတ်သားပဲ ဖုန်းပေးလိုက် "
" nae .. "
" ပေးဝင်လိုက် "
"...."
" ဒေါက် ဒေါက် ဒေါက် "
" ဟာ ကလေးး "
နှစ်ယောက်သား နှစ်တရာ မတွေ့ရလို့ လွမ်းနေသူလို ပြေးဖက် ကြသည် ..
" ချိန်းထားတဲ့ချိန်က အဝေးကြီးရှိသေးတာကို ဘေဘီက ကိုယ့်ကို လွမ်းနေဘီလား "
" ဟွန့် ပြောပုံက baek ကပဲ အဖြစ်သည်းနေသလိုလို 😏"
" baek သာအဖြစ်သည်းပြမယ်ဆို ကိုယ်က ချက်ချင်း ရူးပစ်မှာ ..ကဲ ဆိုပါအုံး ကိုယ့်ဆီရောက်လာတာ ? "
" sehun က ချောဆွဲနေလို့ စောစောထွက်လာတာ မဟုတ်ရင် ခဗျားကြီးနဲ့တောင် လာတွေ့နိုင်မှာမဟုတ်ဘူးနော် "
" ဘယ်တဲ့လဲ ? "
" business developmentတဲ့ သူ့အိမ်က လေ့လာခိုင်းနေဘီလေ ကျွန်တေ်ာ့ကိုတောင် သူနဲ့ လိုက်တက်ခိုင်းနေဘီ "
" အာ မတက်ရပါဘူး သင်တန်းမှာ စိတ်မချဘူး ကျောင်းတောင် ဒီကကောင်က စိတ်မချလို့ လာလာကြိုတာကို စီးပွားရေး အကြောင်းဆို ကိုယ်သင်ပေးမယ် .."
" ခ်ခ် ကျွန်တော်လဲ မတက်ပါဘူး လူကြီးရှိတယ်လို့ ပြောလိုက်တယ် ဟီး "
" ဟက်ဟက် ဒါဆိူ ခနစောင့် ကိုယ်အလုပ်တွေ လက်စသတ်လိုက်မယ် "
" အင်း "
Baek တယောက် yeol ရဲ့ ရုံးခန်းကြီးကို လှည့်ပတ် စစ်ဆေးရေး ဝင်နေလေသည် ၊
" ရုံးခန်းကြီးကလဲ အကျယ်ကြီးပဲနော် CEO ဆိုတဲ့သူတွေ နေတဲ့ နေရာပေါ့ "
စပ်စုကာ ပွစိပွစိ တွတ်ထိုးနေတဲ့ baek ကို ကြည့်ကာ chanyeol တယောက် အသဲယားလာလို့ အနောက်က သိုင်းဖက်ရင်း baek နောက်လည်တိုင်လေးကို ကိုက်လိုက်လေသည်