#2(Unicode)

330 24 0
                                    


"ဟင် arjushii အဲ uncle မဟုတ် chanyeol sii ဟို ခများ ခများး .."

" ဟက် ... "

Baek တယောက် လန့်ဖြန့်နေတဲ့ မျက်နှာလေးနဲ့ သူ့နာမည်အား အယောင်အမှား နေတာကြောင့် ဟက်ခနဲ ရယ်မိသည် ..

" ဘာရယ်တာလဲ ခများကြီး "

" မင်း သိပ်ချစ်ဖို့ကောင်းတာပဲ .. "

" ခများ ဒါပဲ ပြောနေတော့မှာလား ? "

" အော် ..မင်းက ချစ်ဖို့ကောင်းတာကို ဒါပဲ မပြောလို့ ဘာပြောရမှာလဲကွ "

" ထားပါ အခု ဖယ်တော့ "

Baek ပြောလိုက်မှ chanyeol သူ့ကိုယ်သူ သတိထားမိသွားသည၊် စောစောထဲက ချာတိတ်အား အုပ်မိုးထားတဲ့ ခန္ဓာကိုယ်ကို ခုထိ မဖယ်ရသေး ..

" ခ်ခ် ဟုတ်သားပဲ .. မင်းအိမ်ရှေ့ရောက်နေဘီ မင်းလဲ ပင်ပန်းနေရောပေါ့ အိမ်ရောက်တဲ့ အခါ သေချာ နားလိုက်အုံး "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် လိုက်ပို့ပေးလို့ အိမ်ထဲ လိုက်အုံးမလား "

" မလိုက်တော့ပါဘူး မိုးတအားချုပ်နေတော့ မင်းအိမ်ကလူတွေကို နှုတ်ဆက်ဖို့ နောက်ကျနေဘီ"

" ဟုတ် ဒါဆို နောက်နေ့မှ လာခဲ့လေ ကျွန်တော် ဧည့်ခံပါ့မယ်"

" တကယ်နော် .. "

" ........"

" ဘိုင့် .. "
--------------------------
" ဒေါက် ဒေါက် "

" ဝင်ခဲ့ပါ .. "

" CEO nim အစည်းဝေးစဖို့ ငါးမိနစ်ပဲ လိုပါတော့တယ် အခု သွားရပါမယ် "

" အင်း ကောင်းဘီ "

တရားဝင် ဝန်ထမ်းများသာ ရှိရမည့် အစည်းအဝေးခန်းထဲသို့ chanyeol ရောက်သည်နဲ့
အားလုံး ငြိမ်ကုတ်သွားသည် ..

Meeting စထဲကိုက မိမိအာရုံမှာ အလုပ်ထဲမရှိ..
ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးရယ် ရီလိုက်တိုင်း မှေးစင်းသွားသည့် မျက်ဝန်းလေးတစုံရယ်
ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းပါးလေး တစုံတို့က မိမိကို ဘာမျှမလုပ်နိုင်အောင် ဖမ်းစားထားသည် ။

တွေ့ချင်သည့် စိတ်တွေက chanyeolကို ဘယ်လိုမှ  သည်းခံနိုင်စွမ်းမရှိအောင် နှိပ်စက်လေသည် ..

light of love (အခ်စ္ရဲ့ အလင္း)Where stories live. Discover now