"အွန်နွာ yaa .. "
" wae ..? "
" ဟိုးဘက်ထောင့်စွန်းနားက ယောကျာ်းတယောက် နင့်ကို ကြည့်ကြည့်နေတယ် "
Eunwa လှမ်းကြည့်လိုက်တော့ .. ဟုတ်ပါရဲ့ မျက်လုံးတွေရဲ့ ဆွဲဆောင်မှုက အွန်လေးနေရာမှာ တခြားသူသာဆို ကြွေကျလောက်ပါရဲ့ ..
သူမအတွေးတို့ မဆုံးမှီ သူမရှေ့ရပ်လိုက်တဲ့ ခြေအစုံကြောင့် မော့ကြည့်မိတော့ လက်တဖက် ကမ်းပေးရင်း
" အန်ညော်န် .. ကျွန်တော်က မင်ယူပါ .. ချွဲမင်ယူ "
" ရှင်.. R နဲ .. အန်ညော်န်ဟာဆေယို .. ကျွန်မနာမည် အွန်နွာပါ ဆောအွန်ဝါ "
" ဟုတ်ကဲ့ မိတ်ဆက်ပြီးဘီဆိူတော့ ကျွန်တော် ဒီမှာ ခနလောက်ထိုင်လို့ရမလား? "
" အမလေးကွာ မင်းclub ပဲ ကြိုက်တဲ့ နေရာထိုင် !! "
မင်ယူပြောလိုက်တဲ့ အခါမှ အနောက်ဘက်ကို ကျောမှီထားလို့ မမြင်မိလိုက်တဲ့ လူတယောက်အသံက ထွက်လာလေတယ် .. လှမ်းကြည့်လိုက်တော့ ..
" ဟာ ဟေ့ကောင်ကြီး .. ဘယ်က ဘယ်လို ? "
" ဒါ ငါ့သူငယ်ချင်းတွေပါကွာ အွန်နွာကို ငါတို့ လိမ်ခေါ်လာတာ ဟဟ .. ထိုင် မိတ်ဆက်ပေးမယ် .. ဒါက ငါ့ကောင်မလေး ယောင်းမီ..ဒါက ယိုရာ :) "
" အင်း.. အဲ .. တစ်ဘက်တယောက်ကျတော့ မိတ်ဆက်မပေးဘူးလား ? "
" အော် ဟားဟား ငါက မင်းသိချင်နေမယ်ထင်လို့ မိတ်ဆက်မပေးတာပါကွ !! "
" အာ ဒီကောင် !! သိချင်နေရင် ပိုမိတ်ဆက်ပေးရမှာပေါ့ .. ဘယ်နှယ့် 😕 "
ဒါနဲ့ပဲ အပြန်လှန် ခင်သွားကြပြီး မင်ယူရဲ့ အကြည့်တွေကတော့ အွန်ဝါဆီက မဆင်း ..
ဒါကို ဘေးက ယောင်းမီရဲ့ ကောင်လေး၊ မင်ယူနဲ့ အထက်တန်းတုံးက ဘော်ဒါကလဲ ရိပ်မိလေတယ်မင်ယူဟာ သူတို့ရောက်ရှိနေတဲ့ club/bar ကြီးရဲ့ အမွေဆက်ခံသူ ဖြစ်ပြီး မင်ယူ့ မိဘတွေဟာ နိုင်ငံခြား ex/in company ပေါင်းများစွာကို လုပ်ကိုင်နေတဲ့သူလဲ ဖြစ်ပြန်တယ် ..
" ဒါနဲ့ အွန်လေးက ဒီထဲမှာ ဒီညရဲ့ အလှဆုံး နတ်သမီးလေးပဲနော် .. ဟိုဘက်မှာ သွားကရအောင်လား ?? "