Zawgyi
Click,click .. tap,tap
သွက်လက်ကျွမ်းကျင်နေသော လက်တစ်စုံသည် Keyboardနှင့် Mouseကြားတွင် ကာရန်ညီစွာ ပြေးလွှားနေလေသည်။ သူရဲ့ လက်ချောင်းများ ထိနှိပ်နေသံသည် သက်ဝင်လှသော သံစုံတီးဝိုင်းမှ အသံများပမာ ထွက်ပေါ်နေသည်။ ထို့နောက် ကွန်ပျူတာ မျက်နှာပြင်တွင် အလင်းရောင် လက်သွားခဲ့ပြီး ထို့နောက်တွင်တော့ သူ၏ ပြိုင်ဘက်သည် သွေးများဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့လေသည်။
" Haha " Ye Qiuသည် သူ့ပါးစပ်တွင် တေ့ထားသည် စီးကရက်ကို သူ့လက်ဖြင့် ပြန်ပြောင်းကိုင်လိုက်တော့သည်။ ငွေရောင်ကဲ့သို့သော ဆေးလိပ်ငွေ့များသည် အငွေ့တန်းရှည်ကြီး ဖြစ်နေသော်လည်း Ye Qiuသည် ဂရုမစိုက်ကာ သူ့အလုပ်ကိုသာ ဆက်လုပ်နေခဲ့သည်။ ဖယ်ထုတ်ခံလိုက်ရသော စီးကရက်လေးသည် ပြာမှုန်များအဖြင့် စားပွဲပေါ်သို့ တင်ကျန်သွားတော့လေသည်။Ye Qiu လက်သည်လည်း Keyboardပေါ်တွင် လျင်မြန်စွာ ရွေ့လျားသွားတော့သည်။ သူသည် သူ၏ ပြိုင်ဘက်ဖြစ်သူအား စကားအနည်းငယ် ပြောမည် ပြုနေသည့်အချိန်၌ပင် သူ့အခန်းတံခါးသည် တစ်စုံတစ်ယောက်၏ လျင်မြန်စွာ တွန်းဖွင့်မှုကြောင့် အသံကျယ် မြည်ကာ ပွင့်လာတော့လေသည်။
Ye Qiuသည် ထိုအခြေအနေကို သိ၍ စောင့်နေသည့်အလား ခေါင်းပင် လှည့်မကြည့်ပဲ သာမန်မေးလိုက်လေသည်။ " ရောက်လာပြီလား။ "
" ရောက်လာပြီ။ " Su Muchengကလည်း ရိုးရှင်းစွာ ပြန်ဖြေလာလေသည်။
" ဒါဆို သွားကြတာပေါ့။ " Ye Qiuသည် သူ့အား Duelတိုက်ခိုက်ရန် ပြောလာသည့် ပြိုင်ဘက်ဖြစ်သူ၏ တောင်းဆိုမှုအား ငြင်းပယ်လိုက်ပြီး သူ၏ Glory Account Cardကို Log inစက်မှ ငြင်သာစွာ ဆွဲထုတ်လိုက်လေသည်။ထို့နောက် သူသည် တံခါးဆီသို့ ဦးတည်သွားကာ အဝတ်များ ချိတ်ထားသည့်အထဲမှ သူ့ကုတ်အင်္ကျီကို ဆွဲယူပြီး အပြင်သို့ ထွက်လာခဲ့တော့လေသည်။
ညသည် မှောင်နေပြီဟု ဆိုလို့ရသော်ငြား Excellent Era အသင်း၏ မီးများသည် အခုချိန်ထိ ထိန်လင်းနေသေးသည်။ Ye Qiuနှင့် Su Mu Chengသည် အခန်းထဲမှ ထွက်လာကာ ကောရစ်တာအဆုံးတွင် ရှိနေသည့် အခန်းသို့ ဦးတည် သွားလိုက်လေသည်။ ထိုအခန်းသည် ကြီးမားလှသော အစည်းအဝေး ခန်းမကြီးပင်ဖြစ်သည်။အဝင်အဝမှာပင် Glory gameထဲမှ Proတွေရဲ့ Rankingနှင့် Skill အကြောင်းတွေကို ပြသထားသည့် Screenများသည် နံရံတိုင်းတွင် ကပ်ထားသည်ကို တွေ့လိုက်ရလေသည်။
CZYTASZ
The King's Avatar
AkcjaThe King's Avatar ( Quan Zhi Gao Shou ) Original Author - Butterfly Blue Eng Translator - Nomyummi