Unicode
“ အမ Chen မုန့်တွေ ညဘက်ကြီး စားနေပြန်ပြီ “
မုန့်တွေ ဝယ်ပြီးသွားတဲ့အခါမှာ Chen Guoက အင်တာနက်ဆိုင်မှာ ရှိတဲ့ အလုပ်သမားတိုင်းကို အတူစားရန် ခေါ်လိုက်သည်။ မုန့်တွေရဲ့ အနံ့တွေက ဆိုင်တစ်ဆိုင်လုံးကို ပျံ့နှံ့သွားပြီး ကစားနေသူတွေရဲ့ မကြိုက်တဲ့ အသံအချို့ ထွက်ပေါ်လာစေတော့တယ်။ ညနေစာ စားချိန်က ကျော်သွားပြီ ဖြစ်နေတာတောင်မှ သူတို့က ဒီ စားချင်စဖွယ်အနံ့တွေကို ခံစားနေရတယ်။ ဒါ ချိုမြိန်မှု မဟုတ်ဘူး။ ဒါ ထောင်ချောက်ပဲ။
“ ခေါက်ဆွဲခြောက်ထုပ်တွေ လိုချင်တယ်ဆို သေချာ တန်းစီကြနော်။ “ Chen Guoက အော်ပြောလိုက်တယ်။
“ အမ Chen Guoသာ အိမ်မှာပဲ ချက်စားမယ်ဆို ကျွန်တော်တို့ ခေါက်ဆွဲခြောက်ပဲ စားရလည်း ကျေနပ်ပါတယ်ဗျာ “ ဘယ်သူမှလည်း အာ့အဆိုကို မငြင်းကြဘူး။ သူတို့က အင်တာနက်ဆိုင်က ခေါက်ဆွဲခြောက်တွေကိုသာ ယူခဲ့ရပြီး အလုပ်သမားတွေ အသားဟင်း ခြောက်ပွဲနဲ့ ဟင်းရည်နဲ့ စားနေကြတာကို အားကျစွာသာ ကြည့်နေရတော့သည်။
“ ရှင်တို့ အပြင်ထွက်ဝယ်ပြီး စားချင်တယ်ဆိုရင်လည်း ကျွန်မ အလုပ်သမားတွေကို ခိုင်းဖို့ မကြိုးစားနဲ့နော်။ “ Chen Guoက ပြောလိုက်တယ်။
“ နောက်တစ်ခါ အာ့လိုဝယ်မယ်ဆို ကျွန်တော်တို့ကို ကြိုပြောလို့ မရဘူးလား။ “ လူတစ်ယောက်က ပြောလိုက်တယ်။
“ ဆိုင်မှာ လူအများကြီးရှိတာကို ဘယ်လိုလုပ် လိုက်ပြောနိုင်မှာလဲ။ မဟုတ်တာပြောတာတွေ တော်တော့။ ရှင်တို့ အာ့လောက်စားချင်နေပြီး အပြင်ထွက်ဝယ်ရမှာ ပျင်းရင် ဖုန်းနံပါတ်တောင်းထားလေ။ သူတို့ လာပို့ချင် လာပို့မှာပေါ့။ “
“ အမChenမှာ သူတို့ ဖုန်းနံပါတ်ရှိလား။ ခဏလောက် ကျွန်တော့်ကို ပေးပါလား။ ကျွန်တော် ကူးထားချင်လို့ “
“ ငါက သူတို့ ဖုန်းနံပါတ်တွေကို ဘာလုပ်ဖို့ မှတ်ထားရမှာလဲ။ ငါ့မှာ သွားဝယ်ပေးမယ့် လူတွေ ရှိနေတာပဲကို။ ဘာလို့ သူများ စားသောက်ဆိုင်ကို အလုပ်ရှုပ်အောင်တွေ လုပ်မှာလဲ။ “ Chen Guoက ပြောလိုက်သည်။
CZYTASZ
The King's Avatar
AkcjaThe King's Avatar ( Quan Zhi Gao Shou ) Original Author - Butterfly Blue Eng Translator - Nomyummi