Part - 20

9K 680 37
                                    

[ Zawgyi ]
----------------

ဆယ်တန်းအောင်စာရင်းထွက်လာချိန် ၂ ဘာသာဂုဏ်ထူးမျှရရှိလာပေမဲ့ကျန်ဘာသာတိုင်းမှာဂုဏ်ထူးအမှတ်နီးနီးဖြင့်ရခဲ့တာကြောင့် ဇေရှားရဲ့အမှတ်စာရင်းဟာအားရစရာကောင်းသလို အနည်းငယ်နှမြောတသဖြစ်နေတဲ့အန်တီမျိုးရဲ့မျက်နှာကြောင့် ဇေရှားကောသူပါစိတ်မကောင်းဖြစ်ရပါ သေးသည် ။ ဒါပေမဲ့ အန်တီမျိုးက ကတိတည်ရှာပါသည် ။ ဇေရှားကြိုက်နှစ်သက်ရာတက္ကသိုလ်သို့ပဲတက်စေခဲ့ကာ သူမတက်ရောက်စေချင်တဲ့သင်တန်းများကိုလည်း ဇေရှားကမညည်းမငြူဖြင့်တတ်ပေးရှာ၏ ။ ယခုချိန်မှာတော့ ကလေးပေါက်စလောက်ပျော်နေမည့်သူဆိုတာ စစ်ရောင် မတွေ့မိ ။ ဝါသနာပါရာသင်တန်းတွေတက်ရင်း ကိုယ့်ဝါသ နာကိုယ်ပိုရင့်သန်လာအောင်တက်ကြွစွာကြိုးစားနေသော ဇေရှားကိုမြင်နေရတဲ့သူ့မှာလည်း ကြည်နူး၍မဆုံးပါ ။

ယခု သူတို့အားလုံးလေဆိပ်ကိုရောက်ရှိနေတာပဲဖြစ်သည် ။ ဆယ်တန်းအောင်တဲ့သားအတွက်ဂုဏ်ပြုပေးချင်သော ဇေရှားရဲ့ဖခင်ဟာ ယခုဆိုရင်မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ လေပြီ ။ အနည်းငယ်ခပ်ပြည့်ပြည့်ခန္ဓကိုယ်ဆိုပေမဲ့ ကျန်းမာကြံ့ခိုင်သောကိုယ်ခန္ဓာနှင့်ဇေရှားမျက်နှာနဲ့အနည်းငယ် ဆင်သောရုပ်ကြောင့် ငယ်ရွယ်စဉ်အချိန်တုန်းကချောမောကြည့်ကောင်းတဲ့သူဖြစ်ခဲ့မှန်း စစ်ရောင်ခန့်မှန်းလို့ရသည် ။

“ ကြည့်ပါဦးမျိုးရေ … ကိုယ့်သားကထွားလာလိုက်တာကွာ … ပြီးတော့ ဖေ့သားကချောလည်းချောလာတယ် ”

“ အဲ့ဒါဖေဖေနဲ့တူလို့ပေါ့ဗျ ဟီး ”

“ ဟားဟား ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ … အဖေ့ကိုချွဲနေတာ ကဲပြော လိုချင်တာဘာရှိလဲ ? ”

“ သားအတွက်ဘာမှမလိုပါဘူးဖေဖေ … သားလိုချင်တာကိုဖေဖေနဲ့မေမေကလိုက်လျောပေးခဲ့ပြီပဲကို … အဲ့အတွက် ကျွန်တော်ထပ်ပြီးတော့ကျေးဇူးတင်ပါရစေ ”

ပြုံးပြီးခေါင်းညိတ်ပြသောဦးက စစ်ရောင်ဆီသို့အကြည့်မှာ ရောက်လာတာကြောင့် luggage အိတ်ကိုကားနောက် ဖုံးထဲထည့်ရင်းပြန်ပြုံးပြမိသည် ။ ပြီးနောက်သူတို့ရဲ့ Wish ကားအဖြူလေးဟာတော့လေဆိပ်မှရန်ကုန်မြို့တွင်းဆီသို့စစ်ရောင်ကိုယ်တိုင်မောင်းနှင်လာခဲ့လျှက် ။

To  Love  District ( Complete ) [ ZG & Uni ]Donde viven las historias. Descúbrelo ahora