Part - 27

9K 636 63
                                    

[ Zawgyi ]
----------------

“ ရှား ”

အနားသို့အံ့သြတကြီးခေါ်သံနှင့်အတူရောက်လာတော့ ထက်မြတ်မော့ကြည့်လိုက်သည် ။ အစ်ကို့ရဲ့သူငယ်ချင်း ၂ ယောက်လည်းဘေးနားမှာလိုက်ပါလာကာ တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်နေကြ၏ ။

“ ရှား တဲ့ကွာ ! ”

“ ငါဖြင့်ကြက်သီးတောင်ထတယ် ဟားဟား ”

“ sorry ” ဟူ၍ပါးစပ်လှုပ်ရုံဖြင့်အစ်ကိုကဆိုသည် ။ အကြောင်းမှာ လူအများကြားရှေ့ထိုသို့မခေါ်ရန်ထက်မြတ်ပြောထားတာကြောင့်ပင် ။ ယခုတော့ အစ်ကို့ရဲ့သူငယ်ချင်းတွေကြားသွားခဲ့၍စနေပြန်သောအခါ ထက်မြတ်လည်းမျက်နှာပူသွားရသည် ။

“ ဘာဖြစ်လဲကွာ … ကိုယ့်ချစ်သူမို့လို့ကိုယ်ခေါ်တဲ့ဟာ ”

“ ဟားဟား အေးပါကွာ အေးပါ … ငါတို့ကဖြင့်ဘာမှမပြောရသေးဘူး ရှက်ရမ်းတွေရမ်းနေတာ ”

“ ဟုတ်ပကွာ … မင်းပြောတာမှန်တယ်ဥက္ကာ ”

“ ကဲ တော်ပြီကွာ ! မင်းတို့ကောင်တွေနဲ့စကားပြိုင်ပြော နေဖို့အချိန်မရှိဘူး … လာ ရှား အစ်ကိုတို့သွားရအောင် ”

“ ဟုတ် ”

“ ဟေ့ကောင်ရေ … အစ်ကိုတဲ့ကွာ ခွီး ”

အစ်ကို့ရဲ့သူငယ်ချင်းတွေကို ကျွန်တော်တို့နှစ်ယောက်အ ကြောင်းအလုံးစုံပြောပြထား၍သိနေပြီဖြစ်ကာ ယခုလိုစနောက်နေခြင်းပင် ။ ထက်မြတ်တို့နှစ်ယောက်အပေါ်မှာလည်းနားလည်မှုရှိကြလို့ ကျွန်တော်တော့ အခုလိုအခြေအနေမျိုးလေးကိုကျေနပ်ရပါသည် ။

ပြီးတော့ အစ်ကို့ကိုလည်းချစ်သူတွေဖြစ်ပြီးနောက်ပိုင်း ငါ ဆိုတဲ့အသုံးကြီးကိုအတင်းပဲဖျောက်ပစ်ခိုင်းရသည် ။ ဒါတောင်တော်တော်ကြိုးစားယူလိုက်ရသေးတာ ။ ဟုတ်တယ်လေ … ချစ်သူရည်စားတွေဖြစ်ပြီး ခုထိငါဆိုပြီးပြောတာတော့မကောင်းပါဘူး ။ အဲ့တော့ အစ်ကို့ကို ကိုယ့်ကိုကိုယ်ထက်မြတ်နှင့်စကားပြောလျှင်အစ်ကိုဟုသာသုံးခိုင်းရသည် ။ အစ်ကိုကကြိုးစားပေးရှာပါရဲ့ ။ ယခုတော့ဖြင့် အစ်ကိုကဆိုပြီးပြောလာရင် ထက်မြတ်မှာကြည်နူးမဆုံးပါ ။

To  Love  District ( Complete ) [ ZG & Uni ]Donde viven las historias. Descúbrelo ahora