2

2.8K 168 1
                                    

ကျွန်တော့်ဘဝဟာ အထက်တန်းကျောင်းမှာ အေးဆေးတည်ငြိမ်စွာနဲ့ ဖြတ်သန်းလာခဲ့တာ သူမလာခင်အချိန်ထိပါပဲ
''သူ'' ဟုတ်တယ် သူပါ
သူဟာကျွန်တော့ကို ရင်ခုန်တက်အောင်သင်ပေးတဲ့သူ
သူဟာ ကျွန်တော့ကိုလူတယောက်ကို ဂရုစိုက်တက်အောင်သင်ပေးတဲ့သူ
သူဟာ ကျွန်တော့ကို လူတယောက်ကိုထိုင်ကြည့်ပြီး အရူးတယောက်လိုပြုံးနေတက်အောင်သင်ပေးတဲ့သူ
သူဟာ ကျွန်တော့ကို အိမ်မက်ထဲထိလာပြီး ရူးအောင်ပြုစားတက်တဲ့သူ
သူဟာ သူ့နှုတ်ခမ်းဖူးဖူးလေးကို ပြုံးရုံလေး လုပ်လိုက်ရုံနဲ့ ကျွန်တော့ကို သေစေနိုင်တဲ့သူ
ဒါပေမဲ့သူဆိုတဲ့သူက မိန်းကလေးတယောက်မဟုတ်ခဲ့ဘူး

သူကဘာလဲဆိုရင်တော့ ကျွန်တော့လိုမျိုး အထက်တန်းကျောင်းသားကောင်လေးတယောက်ပါ
ကျွန်တော်Gayမဟုတ်ပါဘူး အဲ့ဒါကိုကျွန်တော်ကိုယ်တိုင်ကောင်းကောင်းကြီးသိတယ်
ဒါပေမဲ့ သူ့ကိုမြင်တိုင်း ကျွန်တော်ဟာအရူးတယောက်လို သူ့ကိုတစိမ့်စိမ့်လိုက်ကြည့်ချင်နေခဲ့တယ်
ဒီလိုခံစားချက်ကြီးကို ကျွန်တော်ကိုယ်တိုင်လက်မခံနိုင်ဘူး ကျွန်တော်က Gayမဟုတ်ဘူး ယောက်ျားတယောက်ကို ကျွန်တော်အဲ့လိုခံစားချက်ဖြစ်တာ မဖြစ်သင့်ဘူး
ဟုတ်တယ်....လုံးဝမဖြစ်သင့်ဘူး
ဒါကြောင့်ကျွန်တော် ဒီခံစားချက်ကနေ ရှောင်ဖယ်ဖို့ကြိုးစားရတော့မယ်

သူ့အကြောင်းလေးပြောပြရဦးမယ်
သူကလေ ကျွန်တော်တို့ကျောင်းကိုအသစ်ပြောင်းလာတဲ့ ကျောင်းသားအသစ်လေး
ကံကောင်းချင်တော့ သူကကျွန်တော်နဲ့တတန်းထဲ ကျွန်တော့်ထိုင်ခုံရဲ့မျက်စောင်းထိုးမှာ သူထိုင်တယ်
သူတို့မိသားစုက နယ်မြို့တမြို့ကနေပြောင်းလာတယ်လို့ပြောသံကြားတယ် သူ့ဖေဖေအလုပ်ပြောင်းရင်း သူပါပါလာတာတဲ့
သူက အရပ်ရှည်ရှည် မပိန်မဝ အသားကဖြူဝင်းကြည်လင်နေတယ် နှုတ်ခမ်းပန်းနုရောင်ဖူးဖူးလေးက မိန်းကလေးတွေအရှုံးပေးရလောက်အောင် ဆွဲဆောင်မှုရှိတယ်
မျက်နှာဘဲဥပုံလေးကို ဆံပင်ကိုဘေးလေးရေးရေးလေးခွဲပြီးအရှေ့အုပ်အုပ်လေးချထားတဲ့ပုံစံလေးနဲ့က သူ့မျက်နှာနဲ့အရမ်းလိုက်ဖက်လွန်းနေတယ် နားသယ်စပ်က ဆံပင်မွှေးရေးရေးလေးတွေကအစ အလွန်ကြည့်ကောင်းတဲ့သူပါ အသားဖြူဥနေရတဲ့အထဲ ဆံပင်ကအမဲရောင်မဟုတ်ဘဲ မီးခိုးစိမ်းဖျော့ဖျော့လေးဆိုးထားတော့ သူ့မျက်နှာကိုကြည့်လိုက်တာနဲ့ ကျွန်တော်အသက်ရှူဖို့မေ့သွားရော
သူ့ကိုတစိမ့်စိမ့်ခိုးကြည့်မိတိုင်း လက်ရာမြောက်လွန်းတဲ့ ပန်းချီကားလေးကိုကြည့်နေရသလိုပါပဲ
သူကသူ့ပုံစံလေးနဲ့လိုက်ဖက်အောင်ကို ကျောင်းအင်္ကျီအဖြူလေးနဲ့ ဘောင်းဘီအပြာလေးကိုတောင် သေသပ်နေအောင်ဝတ်တက်တဲ့ အနေထိုင်ပိရိသေသပ်လွန်းတဲ့ကောင်လေးတယောက်ပဲ
သူ့ကိုမစွဲလမ်းဖို့ကျွန်တော် ကြိုးစားပါတယ် သူ့ကိုရှောင်နိုင်အောင်နေတယ် သူ့ကိုမကြည့်မိအောင်နေတယ်
ဒါပေမဲ့ ကျွန်တော့ကိုယ်ကျွန်တော်မထိန်းချုပ်နိုင်ဘူး ကျွန်တော့စိတ်က ကျွန်တော့်ဦးနှောက်အမိန့်ပေးတဲ့အတိုင်းမနေဘူး
အရမ်းခန့်ညားနေတဲ့သူ့ကို မဟုတ်ဘူး ခန့်ညားတာမဟုတ်ဘူး လှတာ ဟုတ်တယ် သူ့ပုံစံလေးက လှပီးချစ်ဖို့ကောင်းတာ
ယောက်ျားလေးတယောက်ကို လှတယ်ချစ်ဖို့ကောင်းတယ်လို့ မသုံးကျပေမဲ့ ဒီလှတယ်ချစ်ဖို့ကောင်းတယ်ဆိုတဲ့စကားလုံးက သူနဲ့အရမ်းကိုထိုက်တန်လွန်းပါတယ်
သူ့နာမည်ကSaintတဲ့

သူ့အကြောင်းလေးပြောပြရဦးမယ် သူကလေ ကျွန်တော်တို့ကျောင်းကိုအသစ်ပြောင်းလာတဲ့ ကျောင်းသားအသစ်လေး ကံကောင်းချင်တော့ သူကကျွန်တော်နဲ့တတန်းထဲ ကျွန်တော့်ထိုင်ခုံရဲ့မျက်စောင်းထိုးမှာ သူထိုင်တယ် သူတို့မိသားစုက နယ်မြို့တမြို့ကနေပြောင်းလာတယ်လို့ပြောသံကြားတယ် သူ့...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တကယ်တော့ကျွန်တော်က သူ့ကို ကျွန်တော်တို့ကျောင်းရောက်လာမှတွေ့ဖူးတာမဟုတ်ဘူး

လွန်ခဲ့တဲ့3ရက်လောက်က ကျွန်တော်ကျောင်းကနေအိမ်ပြန်တော့ အိမ်ရဲ့လမ်းထိပ်ကJet's Houseဆိုတဲ့ ကျွန်တော်ထိုင်နေကျ cafeဆိုင်လေးကိုခဏဝင်ပြီး သောက်နေကျ Ice cafeလေးမှာနေတုန်းမှာ အနောက်ကနေ Green Tea လာမှာတဲ့ အသံချိုချိုလေးတခုကြားလိုက်ရတယ် ကျွန်တော်အမြန်လှည့်ကြည့်လိုက်တော့ အင်္ကျီပန်းရောင်ဖျော့ဖျော့လေးကို ဘောင်းဘီအညိုလေးနဲ့တွဲဝတ်ထားတဲ့ ကောင်လေးတယောက် အရမ်းချစ်ဖို့ကောင်းလွန်းလို့ ကျွန်တော်မျက်လုံးမလွှဲနိုင်အောင်ဖြစ်သွားခဲ့တယ် သူဆိုင်ထဲကနေ ပြန်ထွက်သွားတဲ့ထိတောင် ကျွန်တော်ကြောင်ပြီးတော့ အသက်ရှူဖို့မေ့နေခဲ့တယ်လေ
ဒါဟာသူနဲ့ ကျွန်တော်ရဲ့ပထမဆုံးတွေ့ဆုံမှုပေါ့

ဒါပေမဲ့သူကကျွန်တော်တို့ကျောင်းကိုရောက်လာပြီး ကျွန်တော်နဲ့တန်းထဲတက်ရလိမ့်မယ်လို့ ကျွန်တော် စိတ်ကူးတောင်မယဉ်ဖူးပါဘူးဗျာ

နောက်ထပ်ထူးခြားတာတခုက သူက ကျွန်တော်တို့လမ်းထိပ်က ကွန်ဒိုအသစ်ရဲ့ပထမထပ်မှာနေတာတဲ့ ကျွန်တော့်အိမ်နဲ့5တိုက်ပဲခြားတယ်

ဒါကရေစက်လို့ခေါ်လို့ရရင် တော်တော်ထူးခြားတဲ့ ရေစက်လို့ပြောရမယ်ဗျ

ဒါဟာ..... အချစ်များလားWhere stories live. Discover now