8

1.5K 180 22
                                    

Perth Saintအိမ်ကို ၁၁နာရီ မထိုးခင်ရောက်အောင် ထွက်လာခဲ့သည်။
Saintကြိုက်တဲ့ Green Teaလေးတခွက်ကိုပါဝင်ဝယ်လာသည်။

Saintအိမ်ကိုရောက်တော့ P' Tonaamက Perthထပ်တောင်စောပြီးရောက်နေသည်။ PerthကTonaamကိုမြင်လိုက်တာနှင့် အလိုလိုမျက်မှောင်ကျုံ့သွားမိသည်။
"Perthဝင်လာလေ ဘာတွေကြည့်နေတာလဲ အဲ့လက်ထဲကGreen teaက ဘယ်သူ့တွက်လဲ"လို့Saintကလှမ်းခေါ်ရင်း မေးသည်။
"ဒါလား ငါသောက်ဖို့လေ ဘာဖြစ်လို့လဲ"
"Perth!!!!Perthကလဲ ငါGreen Teaကြိုက်တာ မသိဘူးလား ဘာလို့ငါတွက်မဝယ်လာတာလဲ"လို့ သူ့ပုံစံလေးအတိုင်း နှုတ်ခမ်းလေးကိုထော်ပြီပြောနေသည်။ အဲ့လိုအပြုအမူမျိုးကို တခြားလူမမြင်စေချင်တာကြောင့် ဆက်မစတော့ဘဲ "ရော ဒီမှာမင်းတွက်ဝယ်လာတာ မင်းကြိုက်တာမသိဘဲနေပါ့မလား"လို့ပြောပြီး အအေးကိုမြန်မြန်ပေးလိုက်ရသည်။

Saintမေမေက နေ့လည်စာထမင်းစားဖို့ ပြင်ဆင်ပေးထားတာကြောင့် တူတူနေ့လည်စာစားကြသည်။
Saintကထမင်းစားနေရင်း ပါးစပ်မှာပေသွားသည်ကို P'Tonaamက လက်သုပ်ပုဝါနဲ့အသာအယာသုတ်ပေးနေသည်။ ဒီလိုမြင်ကွင်းကို မြင်ရတော့ Perthနှလုံးသားထဲ အောင့်သွားသည်။

စာလုပ်နေကြရင်း P'Tonaamက Saintကိုလှမ်းစလိုက် ခေါင်းလေးကိုပုတ်လိုက်လုပ်နေတာကိုကြည့်ရင်း Perthအလွန်ဒေါသထွက်လာလေသည်။

လက်သီးကိုတင်းကြပ်စွာဆုပ်ထားရင်း ဘာလုပ်ရမှန်း မသိဖြစ်နေမိသည်။ လုပ်လိုက်ချင်တာက တခုပဲရှိသည်။ Saintခေါင်းကိုဖွနေတဲ့ Tonaamလက်ကိုဆွဲဖယ်ပြီးမျက်နှာကို လက်သီးတချက်ကျွေးချင်သည်။
ဒါပေမဲ့ လုပ်လို့မဖြစ် ခေါင်းကိုဖွတာလောက်နဲ့ လက်သီးနဲ့ထိုးရလောက်အောင် ဒေါသထွက်စရာမဟုတ်။ ဒါဆိုဘာလို့ဒေါသထွက်နေမိတာလဲ ကိုယ့်ကိုကိုယ်ပြန်မေးနေမိသည်။

P' Tonaamက Saintကိုကြည့်တဲ့မျက်လုံးတွေ သူလုံးဝသဘောမကျ။ Saintက ပြန်ပြုံးပြတဲ့အပြုံးတွေကိုလဲ သူသဝန်တိုမိသည်။ ဟုတ်တယ် Saintရဲ့အပြုံးတွေကို သူတယောက်ထဲအတွက်ပဲ သီးသန့်ဖြစ်စေချင်သည်။ တခြားသူတွေကိုပြုံးပြနေတာမြင်ရရင် Saintကိုဆွဲခေါ်ပြီး အခန်းထဲသာသော့ပိတ်ထားချင်သည်။ သူများမြင်မှာကို နှမြောတွန့်တိုမိသည်။

ဒါဟာ..... အချစ်များလားWhere stories live. Discover now