11

1.5K 195 31
                                    

Perthတယောက် ကျောင်းမသွားဖြစ်တာ 4ရက်လောက်ရှိပြီ အိမ်မှာလားဆိုတော့လဲမဟုတ်ပြန်။

Perthအဆောင်ကနေ ထွက်လာပြီးတော့ ဘယ်သွားရမှန်းမသိ သွားနေဖို့သူငယ်ချင်းကလဲ မရှိဆိုတော့ ဟိုတယ် တခုစီကိုသာ သွားနေလိုက်သည်။

သူအဆောင်က ထွက်လာတာ ဒါနဲ့ဆို 4ရက်မြောက်နေ့
ကျန်တဲ့ 3ရက်လုံးလုံး သူဟိုတယ်ခန်းထဲကနေအပြင်လုံးဝမထွက် ထမင်းတောင်အခန်းထဲကိုသာမှာစားသည်။ ဖုန်းကိုလဲစက်ပိတ်ထားသည်။

ဘယ်သူနဲ့မှမဆက်သွယ် ဘယ်သူနဲ့မှလဲစကားမပြောချင် တယောက်ထဲ ငူငူကြီးထိုင်နေလိုက် ငိုလိုက် ဘီယာသောက်လိုက် Saintအကြောင်းတွေးလိုက် Saintမျက်နှာလေးကို မျက်လုံးထဲပြန်မြင်ယောင်လိုက်နှင့်သာ ဖြတ်သန်းနေခဲ့သည်။

ဒီနေ့တော့4ရက်မြောက်ပြီ....
Perthလည်း အတော်အသင့်စိတ်ကိုထိန်းနိုင်နေပြီဖြစ်၍ ပိတ်ထားတဲ့ဖုန်းကို စက်ပိတ်လိုက်သည်။

Missed Callတွေမြင်တော့ မျက်လုံးပါပြူးသွားသည်။ Saintခေါ်ထားတဲ့ဖုန်းက အခါ50ကျော်သည်။
Onlineဖွင့်လိုက်တော့ Lineကနေ Notiအဆက်မပျက်တက်လာသည်။ များလွန်းလို့ ဖုန်းပါဟန်းသွားသည်။

Perth Line appကိုဖွင့်ကြည့်လိုက်တော့ ပို့ထားသူကSaint... ဘာတွေများဖြစ်ပါလိမ့်ဟု စိတ်ပူပြီး ပို့ထားတာတွေကြည့်လိုက်တော့ Saintက သူပျောက်နေလို့ ဘယ်ရောက်နေလဲ....ဘာလို့ဖုန်းပိတ်ထားတာလဲ.....သူစိတ်ပူနေတယ်ဆိုတဲ့စာတွေ အများကြီးပို့ထားသည်။ သူပျောက်နေတဲ့နေ့တိုင်းကို အချိန်တိုင်းပို့ထားတဲ့စာတွေက အများကြီး။
ကြည့်ရတာ Saintတော်တော်သူ့ကို စိတ်ပူနေပုံရတယ် ဟုတွေးရင်း Perthပြုံးလိုက်မိသည်။

သို့သော် Saintနှင့် သူ့ကောင်မလေးတို့ ဖက်နေသည့်ပုံကို မျက်လုံးထဲပြန်မြင်ယောင်လာတာ ခေါင်းကိုရမ်းလိုက်ရင်း ပျော်နေတဲ့အပျော်တွေပျောက်ကာ မျက်ရည်ပြန်ကျလာမိပြန်သည်။

စိတ်ထဲတွင်တော့ "Saintရယ်... ငါမင်းကို မချစ်သင့်မှန်းလဲသိတယ်....ယောက်ျားချင်းမို့ မဖြစ်နိုင်ဘူးဆိုတာလဲသိတယ်..... မင်းမှာကောင်မလေးရှိနေပြီဆိုတာလဲ ငါမျက်လုံးနဲ့မြင်ပြီးပါပြီ.....
ဒါပေမဲ့....ငါမင်းကိုမချစ်ဖို့ကိုယ့်ကိုယ်ကိုမတားဆီးနိုင်ဘူး..... မင်းကိုမချစ်တော့ဖို့ ငါ့နှလုံးသားက လက်မခံဘူး....
မင်းကိုစတွေ့ထဲက ရင်ခုန်မိနေတာ စွဲလမ်းမိနေတာတွေကို အချစ်လို့မသိခင်ထဲက ငါမင်းကိုချစ်နေမိတာပါကွာ.... ငါမင်းကိုဘယ်လိုမေ့ပစ်ရမလဲ.....
ဒါဟာ အချစ်ဆိုရင် ငါ့ရဲ့အချစ်က ငါ့အတွက်တော့ အပြင်းစားအဆိပ်တခွက်လိုပဲ.... ငါ့ကိုသေစေနိုင်တယ်Saint...
ငါမင်းကိုမပိုင်ဆိုင်နိုင်မှန်းသိပေမဲ့ ငါမင်းကိုတော့ ချစ်ချင်မိတယ်.... မင်းပြန်မချစ်နိုင်မှန်းသိပေမဲ့ ငါမင်းကိုလိုချင်မိတယ်....
မင်းမရှိတဲ့ကမ္ဘာမှာ ငါမနေချင်ဘူး မနေနိုင်ဘူးSaint..... ငါ့ကိုဒီလောက်ထိ ရူးသွပ်သွားအောင် မင်းဘာလို့ပြုစားထားရတာလဲကွာ...."

ဒါဟာ..... အချစ်များလားWhere stories live. Discover now