အတိအလင်းမိတ်​ဖွဲ့ခြင်း

10 3 1
                                    

Forever together 💓💓

............

အပိုင်း ၂

        " အစ်​ကို ငတိမအုပ်​စုနဲ့တိုးလာပီမဟုတ်​လား"

      "အာ တိုးမှာ​ပေါ့သူတို့ကတိုက်​​ရှေ့​အောက်​​ရောက်​​နေတာငါမှ​ရှောင်​​မရတာဟ"

       အခန်းထဲသို့ဒ​ရော​သောပါး​ပြေးတက်​လာသည့်​Young Saengတစ်​​ယောက်​ Jung Min အ​မေးကို ခပ်​တည်​တည်​ဖြင့်​​ဖြေလိုက်​သည်​။

       "​နေပါအုံးYoung Saeng ရ မင်းကမနက်​​စော​စောစီးစီးဘယ်​ထသွားတာတုန်း"

       "လမ်းထွက်​​လျှောက်​တာ​လေ လမ်း​လျှောက်​ပြီးအဆာ​ပြေမုန့်​စား......အဲ"

       Young Saengခမျာ​ပြောရင်းသူ့ဗိုက်​သူ​ယောင်​ယမ်းကာလက်​ဖြင့်​စမ်းလိုက်​မိသည်​။ ဟုတ်​သည်​။တိုက်​​အောက်​မှာမုန့်​ဝယ်​စားမည်​ဆိုပြီးဟိုအုပ်​စုနှင့်​​တွေ့သဖြင့်​ မုန့်​ပင်​မဝယ်​ခဲ့ရ။အခုမှပင်​ဗိုက်​ကပိုဆာသ​ယောင်​ထင်​ရသည်​။

      "မင်းဘာမှမစားခဲ့ရ​သေးဘူးမလားငါလဲ ဟိုအုပ်​စုမြင်​ပြီးဗိုက်​ဆာ....အဲ​လေ ဟုတ်​​ပေါင်​ ဟိုအုပ်​စုစားသလိုသုံးထပ်​သားနဲ့ပဲ​ခေါက်​​ဆွဲမှာစားမလို့"

       Leaderစကားကိုကြား​တော့ အကုန်​လုံးဝမ်းသာအားရထခုန်​ကြသည်​။ငါး​ယောက်​စုမိပြီးကြသည့်​​နောက်​ပိုင်း ပထမဆုံးပြန်စားရမည့်​​​သုံးထပ်​သားမဟုတ်​ပါလား။

........... ........💓💓💓.................

       ဤသို့ဖြင့်​ ည အချိန်​သို့​ရောက်​ခဲ့​လေပြီ

     "အစ်​ကို သွားရ​အောင်​"

     "ဘယ်​တုန်းဟ"

       မျက်​ရိပ်​ဖြင့်​ပြ​နေ​သော Kyu အ​မေးကို leader တစ်​​ယောက်​​ခေါင်းကုတ်​ရင်းပြန်​​မေးလိုက်​သည်​။

     " အာ  ဆိုဂျုသွား​သောက်​​ရ​အောင်​လို့"

     "ငင့်​ ငါကဖြင့်​​မေ့​နေပြီ"

      ဆိုဂျုဟူ​သောအသံကြားသည်​နှင့်​ကျန်​တဲ့သုံး​ယောက်​ကလဲ​ငေါက်​ခနဲထထိုင်​သည်​။လေး​ယောက်​တစ်​​ယောက်​မို့leaderခမျာ ​အ​နွေးထည်​​လေး​ကောက်​စွပ်​ကာ ကျန်​တဲ့​လေး​ယောက်​ကိုဦး​ဆောင်​ပြီး​အောက်​ဆင်းခဲ့​တော့သည်​။

 Together ForeverWhere stories live. Discover now