........
အပိုင်း ၇အကုန်လုံးအလယ်တွင် ဆန်အိုးကိုတိုးမိသော ကြက်ကန်းများပမာ ထိုင်နေသော မြမိုး၊ ယမင်း နှင့်အိသက်မွန်။သူတို့သုံးယောက်က ကံကောင်းလွန်းသည်ကိုး။
သူတို့ကိုကြည့်ကာ ချို ကတော့ မသွားလိုက်ရကောင်းလားဟုတောက်တခေါက်ခေါက်။ ဝင်းသန့်မွန်ခမျာ လဲ ချစ်ချစ်ဆီကဖုန်း ပြန်လာသည်ကိုပင် မကိုင်နိုင် သူတို့သုံးယောက်ပြောပြသည်ကိုနားထောင်ကာ တံတွေးတွေချည်းမြိုချနေသည်။ နာနာနဲ့ စိုးမိုးသူကတော့ ကြက်ကြီးလည်လိမ်ထားသလိုမှိုင်နေကြသည်။စကားသံပင်မထွက်တော့။ သက်သက်အောင်ကတော်သေးသည်။ဘေဘီ့ကိုဝုန်းလိုက်ရသည်ကိုး။အိန္ဒြာက နားထောင်ရင် ဝမ်းနည်းသည်ဟုဆိုကာ ကားနောက်ခန်းကိုသွားအိပ်နေသည်။" ဟယ် ဟိုမှာ ဖက်တီး ဖက်တီး ဖက်တီး အဝတ်လှန်းနေတယ်"
စိုးမိုးသူ၏စကားသံကြောင့် သူတို့အားလုံးကားထဲမှထွက်လိုက်ကြသည်။
သရဖီချိုမှာ သူနှင့်အနီးဆုံး ဖြစ်သောအိန္ဒြာ့ကို ရိုက်ကာ နှိုးလိုက်သည်။
"အိန္ဒြာ ထထ Young Saeng တိုက်ဝရံတာ မှာ အဝတ်လှန်း နေတယ်တဲ့"
"ဟမ် မမချို ဘာ ဘာ Young Saeng ဘာ လှန်နေတယ်😨"
"အာ နင့် ဂျီးတော် .... အဝတ်လှန်းနေတယ် ပြောတာဟ ငါ့နှယ်"
" အမ် သမီး ဂျီးတော် အဝတ်လှန်းနေတယ်ဆိုတာ မမချိုက ဘလိုသိ"
"ဟာ လိုက်ချင်လိုက်မလိုက်ချင်နေဟာ ငါဆင်းပီ"
"ဟမ် နေအုံးလေ လိုက်မှာပေါ့"
''Young Saeng oppa''
{ဟဲ့ သောက်ခွေး လန့်လိုက်တာဟာ}
အောက်မှသူတို့အော်သံကြောင့် Young Saeng လန့်သွားသည်။မနေ့က ငတိမ သုံးယောက် ဆွဲထားသော ဆိုဖာ အစွပ်ပေါ်မှ ဖျံရုပ် မြင်းရုပ်ပုံများကို Kyu Jong နဲ့ အငယ်လေးကလျှော်ကာ သူကထွက်လှန်းခြင်းဖြစ်သည်။ ငတိမ တစ်သိုက်နှင့် ကြာရင်မလွယ်တော့သည်မို့ အထဲ ပြန်ဝင်လိုက်သည်။
အမယ်လေး နာထှာဟ
" Young Saeng ahh~ ဖြည်းဖြည်းလုပ်ပါဟ ကျားလိုက်တာကျနေတာပဲ"
"အကိုဘာသိလို့လဲ ကျားထက်ဆိုးတဲ့ကြောင်မလေးတွေ အောက်မှာရှိနေတာဗျ"
Young Saeng စကားကြောင့် leaderရယ်လိုက်မိသည်။ ကြောင်မလေးတွေဆိုပါလား။သူကတော့ထိုကောင်မလေးများကို ကြောင်မလေးများထက် တောက်တဲ့မလေးများဟုသာအမည်ပေးလိုက်ချင်သည်။
.............
" ဖြည်းဖြည်းလုပ်ကြပါဟဲ့ ဟိုခမျာ လန့်သွားလာမသိဘူး"
"မလန့်ပါဘူး မမ ဝင်းသန့်ရယ် ဟီဟီ(မြမိုး)"
" မလန့်ပါဘူးသာပြောတယ် ဟိုခမျာ ကိုင်ထားတဲ့ခြင်းတောင်းတောင် လွတ်ကျတယ်"
"အိသက်မွန်ရေ မွန့်မျက်နှာက မြင်းရုပ်ကြီးကိုဖျက်အုံးလေ"
တစ်ချပ်ချပ် ဖြင့် မျက်နှာပေါ်က မြင်းရုပ်နဲ့အတူ sefileဆွဲကောင်းနေသော အိသက်မွန်ကို နာနာက ပြောလိုက်သည်။ နာနာ့စကားကြောင့် ဝယ်ထားသောရေသန့်ဘူးထဲမှ ရေဖြင့် မျက်နှာသစ်လိုက်ရသည်။ တကယ်ဆို Minnie ကိုယ်တိုင်ဆွဲပေးထားသော အရုပ်ဖြစ်သောကြောင့် မဖျက်ချင်။
"ဂျာကြီး ဂျာကြီး လာပြန်ပီ"
သက်သက်အောင် စကားကြောင့်သူတို့ ခေါင်းထောင်ကြည့်လိုက်ရာ လက်ထဲတွင်စာအုပ်တစ်အုပ်ကိုင်ထားသော ဂျာကြီးကိုတွေ့လိုက်ရသည်။
" ရော့"
ဂျာကြီးပေးသော စာရွက်ကို ဝင်းသန့်မွန်ကဆွဲယူလိုက်သည်။
"ဒါက ဘာလဲဟင်"
" 501 အဖွဲ့ပါမယ့် ကစားပွဲအချိန် နဲ့နေရာ မနက်ဖြန် မနက်စောစောလာခဲ့ကြပါ။ မင်းတို့ကို Guest အဖြစ်ပါဝင်ဖို့ ရွေးလိုက်တယ်။
စာရွက်ထည့်ပေးကာထွက်သွားသော ဂျာကြီးကိုကြည့်ရင်း ဝင်းသန့်မွန် ကြက်သေသေနေမိသည်။ ကစားပွဲဆိုပါလား။
ကျန်တဲ့သူတွေက ဝမ်းသာအားရ ထခုန်ကြသည်။ မထင်မှတ်ထားသည့်ကိစ္စမို့ လဲ မယုံကြည်နိုင်အောင်ဖြစ်နေကြတော့သည်။
.........
