Together Forever ❤❤❤SS501 Fanfic
...........
အပိုင်း ၆"ယမင်း နဲ့ မြမိုး ရေ အော်ဒါ"
စိုးမိုးသူ၏အော်သံကြောင့် bum့ဘေးနားတွင် ထိုင်နေသော ယမင်းနဲ့ မြမိုးတို့ခေါင်းထောင်လာကြသည်။
"မသွားဘူး မသွားဘူး bum့ဘေးနားပဲနေမာ နော်နော်"
Kim Ki Bum့လက်မောင်းတစ်ဖက်ချိတ်ကာ သွားဖြဲပြရင်း မြမိုးကပြောလိုက်သည်။
"အာ့ဆိုရင် ချိုနဲ့ အိသက်မွန်ကိုပဲ လွှတ်လိုက်မယ်နော် အခုက လီဒါ့ ဆီက အော်ဒါ"
!!! ဝုန်းးးးးးးး!!!!!
" ဟဲ့ သောက်ပလုတ်တုတ်!"
စကားပင်မဆုံးခင် မြမိုးရောယမင်းပါ ကောင်တာသို့ဝုန်းခနဲရောက်သွားကြလေသည်။သက်သက်အောင် တစ်ယောက်ကတော့ Hyung Junဘေးတွင်အခန့်သားထိုင်းရင်း စတော်ဘယ်ရီကိတ်မုန့်ကို Hyung Junကို တစ်ဇွန်းပီး တစ်ဇွန်းခွံ့သည်။ ဆိုင်ထဲကအခြေအနေသည်လက်ပံပင် ဆရက် ကျသည့်အတိုင်း ဗရမ်းပတာ နိုင်လွန်းလှသည်၊၊
............
" ဟော ပြန်လာပါပြီ ကိုယ်တော်ချောတို့"
Kyu Jong ကတံခါးထဖွင့်ပေးတော့ Jung Minနှင့် Young Saeng တို့လည်ပင်းတွင်ပတ်ထားသော မာဖလာကိုဖြုတ်လိုက်ရင်း ဝင်လာကြသည်။
"လိုအပ်လို့သာသွားဝယ်ရတာ ချမ်းထှာကွာ"
"ဟုတ်ပ အကိုရာ အေးကိုက်နေတာပဲ"
အိမ်ရှေ့ဘက်မှ အသံကြားသောကြောင့် လီဒါတစ်ယောက် မုန့်လာပို့ပီ အထင်နှင့်ဂီတာခေါက်နေရာမှထွက်လာသည်။
" အာ မင်းတို့ပြန်လာကြတာကိုး ငါက မုန့်လာပို့ပြီထင်လို့ထွက်လာတာ Kyu Jong အောက်က ဆိုင်ကိုမုန့်မှာထားတယ် လာပို့ရင် ခေါ်လိုက်အုံး"
"အင်း အကို"
"ငါအထဲပြန်ပြီး ဝင်နေ....အဲ ဒါဘာအနံ့? Sun Cream နံ့....ဟမ် Young Saeng ကုန်ပီ ငါ့ Sun Cream တေတော့ကုန်ပီဟ"
လီဒါကအလန့်တကြားထအော်တော့ Sun Cream တန်ခိုးဖြင့်နှစ်ဆတိုးဖြူနေသော Young Saengက လျှာထုတ်ပြသည်။