အဖိုးတန် ရတနာ ပစ္စည်းတပုံတခေါင်းကို ယွမ်ဆွေဖုန်း အေးစက်စက်မျက်ဝန်းတွေနဲ့ ကြည့်နေတယ်။ အဲဒီအဖိုးတန်ပစ္စည်းတွေကြားထဲမှာ တန်ဖိုးကြီး ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ လက်တဖ၀ါးသာသာ ကြာပန်းနှစ်ခိုင်ပါတယ်။
အဲဒီကြာဖတ်လေးတခုစီတိုင်းက လက်ရာမြောက်လွန်းလို့ အစစ်ထက်တောင်လှပနေသေးရဲ့။ နေရောင်အောက်မှာတွေ့ရပုံက တောက်ပလင်းလက်ပြီး မျက်စိမလွှဲနိုင်အောင်ကို လှတဲ့ပုံပဲ။ ဒီပစ္စည်းဟာ ရှားပါးပြီး တွေ့ရခဲတဲ့ ရတနာတပါးပဲ။
အဲဒီရတနာပုံထဲမှာ နောက်ထပ်တွေ့ရတာက မဲနက်ပြောင်လက်နေတဲ့ ဓား၇ှည်တချောင်း။ သူ့ရဲ့အရောင်အ၀ါက အေးစိမ့်တဲ့ အငွေ့အသက်ကို ထုတ်လွှတ်နေတယ်။ ဓားကိုင်ထားသူက ကိုင်ထားတဲ့ဓားကို ထုတ်ပြီး လုံးဝမလှုပ်ဘူး။ သူက ပိုးချည်မျှင်တချောင်းကို ဓားသွားပေါ်တင်လိုက်တော့ အသံတစက်မှ မထွက်ဘဲ ပြတ်တောက်သွားတယ်။ တကယ့်ကို ဓားကောင်းတလက်ပဲ။ ။
လာရောက်သမျှသူတွေရဲ့ ရှားရှားပါးပါးအဖိုးတန်ပစ္စည်းတွေပဲ မျက်စိရှေ့ပုံထားတာ။ အကယ်၍များ အကျင့်မကောင်းတဲ့သူ တယောက်တလေများ ပါခဲ့ရင်ဖြင့် သေချာတယ် သူဟာ တပ်မက်လွန်းလို့ အာခေါင်တွေခြောက်ကပ်ပြီး မူးလဲသွားနိုင်တယ်။
ပိုင်ရွဲ့ခေါင်းဆောင် တုန်ဇီက တဟားဟား အော်ရယ်ရင်း ပစ္စည်းတွေကို တချက်ပွတ်သပ်လိုက်တယ်။ ထိတွေ့လိုက်တယ်။ သဘောကျတဲ့ပုံပါဘဲ။ ဒါပေမယ့် ဆေးကုဖို့လာတဲ့သူတွေကိုတော့ နှစ်သက်ပုံမရဘူး။
ယွမ်ဆွေဖုန်း အမြင်မှာတော့ တန့်တုန်း ဆိုတဲ့ ဒီလူထူးလူဆန်းက ဒီပစ္စည်းတွေအပေါ် တပ်မက်ပုံမရဘူး။ ဒါပေမဲ့ သူ့အမူအ၇ာကတော့ အဲ့ဒီ လူတစ်အုပ်ရဲ့ ဖားယားမှုက သုံးစားလို့ ရပါတယ်ဆိုတဲ့ သဘော ပြသနေတယ်။"တည်တည်တံ့တံ့နေစမ်း" ဘေးက ပင်းအယ်ဟာ တန့်တုန်းရဲ့ နားရွက်ကို ဆွဲရင်း သာယာတဲ့ အသံနဲ့ ဆူတယ်။
" ဟေး ... ငါလည်း ဒီရတနာတွေကို အရမ်းလိုချင်တယ်လေ" တန့်တုန်း နာကျင်စွာအော်ပြီး သူ့ဇနီးလက်က လွတ်အောင် ရုန်းရင်းပြောတယ်။ သူက အနက်ရောင် ပြောင်လက်နေတဲ့ ဓားရှည်ကို တပ်မက်စွာတချက်ကြည့်လိုက်ပြီး လူအုပ်ဖက် မျက်လုံးဝေ့ကာ လေသံအေးအေးနဲ့ မြှင့်ပြီး "ဒါပေမယ့် စည်းကမ်းက စည်းကမ်းဘဲ......ဒါတွေက ငါ့ဘိုးဘေးဘီဘင်တွေက ချမှတ်ထားခဲ့တာ ဆိုမှတော့ ငါကလိုက်နာရုံပဲပေါ့........"
YOU ARE READING
Idiot Seme
RomanceMy first fic Birthday present for you @mamachittu နားမလည်၇င် ၂ခါပြန်ဖတ် ဒါမှ နားမလည်သေး၇င် အထပ်ထပ်အခါခါဖတ် YouTube ကBl China romance voice ကနေ ၇ှာပြီးေ၇းထားတယ်။ေ၇းခါနီးမှဖတ်ပြီးစာစီတတ်လို့ update ကြာနိုင်တယ် အမှန်က စာမေ၇းတတ်တာ၇ယ် ပျင်းတာ၇ယ်လေ...