ကျောက်ယွင်ချီရဲ့ ခန့်ထည်တဲ့ခန္တာကိုယ်က သူ့ရဲ့မျက်စိရှေ့မှာပဲ ရေထဲတစစနစ်မြုပ်နေတာကို ငေးငိုင်တွေဝေစွာ ယွမ်ဆွေဖုန်းကြည့်နေတယ်။ သူ့ရင်ထဲအေးစက်သွားပြီး ခံစားမှုအကြီးကြီးရသွားတယ်။ တချိန်တည်းမှာပဲ သူဟာပျော့ခွေပြီး မြေပြင်ပေါ်ကျသွားတယ်။
သူ့ခေါင်းထဲမှာ အသံကျယ်ကြီးမြည်ဟီးသွားပြီးတော့ ဟင်းလင်းပြင်ကြီးဖြစ်သွားသလိုပဲ.......အဲ အဲဒီငတုံး သေသွားပြီလား?....ဒီလိုလွယ်လွယ်လေးနဲ့လေ?😕
ဒီအတွေးတွေက ရင်ထဲရောက်လာတော့ လက်မခံနိုင်စွာ ထရပ်လိုက်တယ်။ တချိန်တည်းမှာပဲသူဟာ ပတ်ဝန်းကျင်ကအသံပလံတွေကို တချက်သေးသေးလေးတောင်မှ မကြားရတော့ဘူး။
သူတွေဝေငေးငိုင်နေတဲ့အတောအတွင်း သူ့ရဲ့အမူအယာတွေက
ငြိမ်သက်အေးစက်နေတယ်လို့ ခံစားရတယ်။ ရင်ထဲအတွင်းထဲကပြောမရနိုင်တဲ့ခံစားမှုတွေ လိပ်တက်လာပြီး အံကြိတ်ကာ မချိတင်ကဲေ၇၇ွတ်တယ်။"ဒီငတုံး .. ဘယ်သူကမင်းကို ကိုယ့်ကိစ္စမဟုတ်တာကို ပါဝင်ပတ်သတ်ခိုင်းနေလို့လဲ!!...ဘယ်သူက မင်းကယ်မှာကိုမျှော်လင့်နေလို့လဲ?...."
ယွမ်ဆွေဖုန်း မြင်ကမ်းပါးဘေးက မြေပေါ် ဝမ်းလျားမှောက်လိုက်ပြီး သူ့ကိုယ်သူပြောသလို တတွတ်တွတ်ရွတ်နေတယ်။အဲဒီရေကမြူတွေနဲ့ပြည့်နက်နေလို့ အောက်မှာဘာတွေဖြစ်နေလဲဆိုတာကို ဘယ်သူမှမသိနိုင်ဘူး။ ဒါပေမယ့် ဆက်ကြည့်လိုက်မယ်ဆိုရင်တော့.... ယွမ်ဆွေဖုန်းဟာ အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့ရဲ့ချိနဲ့နေတဲ့ခန္တာကိုယ်ကို လှုပ်ရှားလိုက်တယ်။
ဒီအချိန်မှာတော့ ယွမ်ဆွေဖုန်းက အသိတရားတွေ ကင်းကွာပြီး ဘာလုပ်ဘာကိုင်ရမှန်းမသိ စိတ်နဲ့ကိုယ်နဲ့ကင်းကွာနေတယ်။
သူ့မှာရှိတဲ့ တစ်ခုတည်းသောအသိက. သူအခုချက်ချင်း ကျောက်ယွင်ချီနောက် လိုက်သွားပြီး သေ မသေ အသိအမှတ်ပြုချင်တာပဲ။ ဒါပေါ့ သူဟာ အောက်ကရေတွေက ဘယ်လိုရေအမျိုးအစားလဲဆိုတာကို မေ့နေပြီ။
YOU ARE READING
Idiot Seme
RomanceMy first fic Birthday present for you @mamachittu နားမလည်၇င် ၂ခါပြန်ဖတ် ဒါမှ နားမလည်သေး၇င် အထပ်ထပ်အခါခါဖတ် YouTube ကBl China romance voice ကနေ ၇ှာပြီးေ၇းထားတယ်။ေ၇းခါနီးမှဖတ်ပြီးစာစီတတ်လို့ update ကြာနိုင်တယ် အမှန်က စာမေ၇းတတ်တာ၇ယ် ပျင်းတာ၇ယ်လေ...