Part 2

1.4K 91 2
                                    

Can Pete ဆီသွားဖို့အထ နောက်မှလက်ကိုဆွဲဆောင့်ခြင်း ခံလိုက်ရသည်။ ထိုအခါ Canက လှည့်ကြည့်ပြီးထိုသူကိုစိုက်
ကြည့်နေ၏။

''မင်းကြည့်မနေနိုင်တော့ ဘာသွားပြောမှာလဲ´´

''Tar အကိုမမြင်ဘူလား ကျွန်တော်တို့အိမ်ရဲ့ သိက္ခာကိုချနေ
တာလေ အဲ့ဒါကိုလက်ပိုက်ကြည့်နေရမှာလား´´

Can စိတ်ဆိုးပြီး အကိုဖြစ်တဲ့ Tarကိုတောင် မျက်လုံးနီနီကြီး
ဖြင့် ပြန်ပြောနေမိသည်။ ဒေါသသံကလည်းအပြည့်။ နှစ်လိုဖွယ် မျက်နှာလေးမှာ ရှက်စိတ် ခံပြင်းပြီးအလိုမကျသည့်စိတ်တွေနှင့် ပြည့်နှက်နေပြီး တကိုယ်လုံးကလည်း ဆက်ဆက်တုန်နေသည်။ သို့သော် Tar မှာ Canနှင့်ဆန့်ကျင်ဘက် တည်တည်ငြိမ်ငြိမ်နှင့်
Can ပြောသမျှကိုသာ လက်ပိုက်ကြည့်နေမိတော့သည်။

''ကြည့်နေလိုက်ပေါ့ Can ရယ် ကြည့်မရတော့ရော ဘာလုပ်နိုင်မှာမို့လဲ  ဒီစံအိမ်ကြီးကို အကိုတို့ပိုင်သလို သူတို့လည်းပိုင်တာပဲ။ မင်းတို့လုပ်သမျှ ငါတို့မိသားစု အရှက်ရတယ်ဆိုပြီး သွားပြောလို့မှမရတာ။ထွက်သွားခိုင်းလို့လည်းရမှမရတာ ဘယ်တတ်နိုင်မလဲ။´´

Tar စကားအဆုံးမှာ Canတစ်ယောက်ဘာမှမပြောနိုင်ဘဲ
အကြာကြီး ငိုင်ကျသွားရသည်။ Can စိတ်ထဲတွင် Peteတို့ သားအမိနှစ်ယောက် ဒီစံအိမ်တော်ကို ရောက်လာသည့်အတွက်
နည်းနည်းလေးမှ ကြည့်မရဘဲ Canတို့မိသားစုအတွက် အရှက်
နှင့်သိက္ခာကိုခွဲဖို့ ရောက်လာသူများအဖြစ် စိတ်ဆိုးဒေါသဖြစ်စွာ ရန်လိုနေမိသည် မှန်သော်လည်း Tarပြောသည့်စကားများတွင်
တလုံးအမှားမပါတော့လည်းခက်သည်။

''မာမီတို့က တော်တော်ခက်တယ်ဗျာ ကျွန်တော်သာဆို
ဒီမကောင်းတဲ့ သားအမိနှစ်ယောက်ကို အစောကြီးထဲက ငွေပေးပြီး မောင်းထုတ်လိုက်ပြီသိလား´´

''ငွေပေးလည်း သူတို့ကမှမသွားတာ သားရဲ့´´

''အဲ့ဒါလည်းဟုတ်တာပဲ သူတိုးသားအမိက ကျွန်တော်တို့ကို အရှက်ခွဲချင်လို့ ပေကပ်နေတာ ပြောတော့ မာမီအမတဲ့ မာမီဘက်ကို တချက်တောင်ကြည့်ပေးလို့လား သူတို့သားအမိကြောင့် ကိုယ့်ညီမမိသားစု အရှက်ရနေတာကို
သိသိကြီးနဲ့ ဘာမှမဖြစ်သလိုနေနိုင်တာ သားကတော့
သိပ်အံ့သြတာပဲ´´

Can က သူ့ကိုယ်သူ နီးရာဆိုဖာလေးပေါ် ပစ်၍ထိုင်ချခိုက်
ခုနက Peteစီးလာသည့် ဆိုင်ကယ်Taxiက စံအိမ်တော်၏
ထင်ရှားသော အဆောက်အအုံကြီးနှင့် အိမ်ရှေ့တည့်တည့်
ဆင်ဝင်အောက်ရှိ ကားကြီးဘေးမှ ပွတ်ကာသီကာ ကျော်ဖြတ်သွားသည်။

''ရပါပြီ အကို ကျေးဇူးပါဗျ ´´

Taxiကျသင့်ငွေ ရှင်းပြီး ပစ္စည်းများအား အိမ်ထဲသို့နေရာတကျ
ထည့်သွင်းလိုက်၏။

''မေမေကြိုက်တဲ့ မုန့်တွေ ဝယ်လာတယ် ခနနော်မေမေ ကျွန်တော်ထည့်ပေးမယ်´´

ခြင်းထဲမှ မုန့်ကိုထုတ်ပြီး ပန်းကန်ထဲထည့်နေသော Pete

''ဖြည်းဖြည်းလုပ်ပါသားရယ် အမေမဆာသေးပါဘူး အနားယူလိုက်ဦးနော် မောနေမှာပေါ့ အမေ့သားလေး´´

လှပဖြူဖွေးပြီး မိန်းကလေးရှုံးရအောင် ချစ်စရာကောင်းသော မျက်နှာလေးထက်တွင် ချွေးဥလေးများသီးနေသော သားဖြစ်သူ၏ မျက်နှာလေးကို ကြည့်ပြီး Khun Putch
တစ်ယောက် ညင်သာစွာပြောလိုက်သည်။တလောကလုံးတွင် ပြေးကြည့်မှ သားအမိနှစ်ယောက်တည်းရှိသည့်ဘဝတွင် သူမသေချင်သေးပါ သားလေးအတွက်ရသင့်ရထိုက်သည့်
ပစ္စည်းဥစ္စာကို ရအောင်လုပ်ပေးချင်သည်။ ဘာအကြောင်းအရာမျိုးဖြစ်ဖြစ် သားလေးကို ကာကွယ်ပေးရ
မည်။ ညီမမိသားစုဆိုသော်လည်း ဘဝအခြေအနေကို မိုးနဲ့မြေလို ကွာခြားနေသူများအဖြစ် သူတို့သားအမိကို လူရာမသွင်း အရေးမထားကြမှန်းသိသည်။

စံအိမ်တော်ကို ရောက်သည်နှင့် တစ်မိသားစုလုံးမျက်နှာညိုနေ
ကြကာ စကားပင်ဟဟမပြောဖြစ်ခဲ့ကြ။ ခဲအိုဆိုသူက ဖာသိဖာသာ တစ်ခွန်းနှစ်ခွန်းလောက်သာ ဝင်ပြောသည်ဆိုရုံ
လေး ပြောကာ အလုပ်ကိုအကြောင်းပြပြီးထွက်သွားသည်။ ညီမဖြစ်သူ Kawနှင့် စကားပြောဖြစ်တော့မှ ဒီစံအိမ်ကြီးသို့ သူတို့သားအမိရောက်လာသည်ကို သဘောမကျကြောင်း
နားလည်လိုက်သည်။ ထို့ကြောင့်လည်း စံအိမ်ကြီးထဲတွင် မနေဘဲ အနောက်ဘက်က နှစ်ထပ်တိုက်လေးတွင်သာနေဖို့ ပြောခဲ့သည်။

နေပါစေ ရှိပါစေ ဒီအချိန်မှာ သားလေးအတွက်ဆို ဘာမဆို သည်းခံရမည်လေ အရင်တုန်းက စိတ်နဲ့သာဆို Kaw ဘာပြောပြောဂရုစိုက်မှာပင်မဟုတ်။

😍😍😍new yearညက တိုသွားတာကို စိတ်မရှင်းလို့ ခုထပ်upလိုက်ပါတယ် ၅ရက်နေ့မှ အပိုင်း ၃ပေါ့နော် 😍😍လေးစားလျက်ပါ😊😊

တုနှိုင်းမရတဲ့အချစ် Where stories live. Discover now