Part 4

1.1K 94 21
                                    

''ဟင်!!´

Ae Pete ကိုကြည့်တဲ့ အကြည့်တွေကြောင့် Can ရင်ထဲ ဒိန်းခနဲဖြစ်ကာ ကွက်ကနဲ မျက်နှာပျက်သွားရသည်။ ကျောင်းသားတိုင်းဒီလိုအကျီင်္ပဲ ဝတ်ရသည် ဆိုပေမယ့် အားလုံးယှဉ်ပြီး လာသည်ကိုပင် Pete ကလူကြားထဲတွင် ထင်းနေသည်။

''ချစ်စရာလေးကွာ ကောင်လေးတဲ့လား ထင်ရက်စရာတောင်မရှိ
ပါလား။ ဘယ်သူလေးလဲမသိ မိန်းကလေးရှုံးလောက်တယ်ကွာ´

Can သူငယ်ချင်း Ping က Canနားကပ်ပြီးပြောသည်ကိုပင်
နားထဲမရောက်။ Ae နဲ့ သူ့သူငယ်ချင်းတွေ Peteကို စားတော့
ဝါးတော့မလို ပြူးကြည့်နေတာကိုပဲ အခံရခက်စွာ စူးစိုက်ကြည့်
ရင်း Can စိတ်ထဲတွင် Pete ကို ပို၍မုန်းမိသည်။

''ပုံစံလေးက ရိုးရိုးလေး ဘာမှလည်း သိပ်မသုံးဘူးထင်တယ်။
ဒီကလှမ်းကြည့်တာတောင် ပါးလေးတွေက နူးညံ့နေတာပဲကွာ
ယောက်ျားလေးတဲ့´´

အနားက Pond ဆိုသည့် Ae သူငယ်ချင်းထံမှ ဝေဖန်သံ Can ရင်ထဲကို အရှိန်ပြင်းပြင်းနှင့် လာထိသည်။ ဘယ်လောက်ပဲ Aeအကြိုက်ကိုလိုက်လုပ်လုပ် Aeက အကောင်းမမြင်။ Peteလို
ဘာမဟုတ်တဲ့သူကိုကျတော့ ကြည့်နေလိုက်တာများ မျက်လုံးကျွတ်ကျမတက်။ ထိုသို့လိုက်ကြည့်နေသူကလည်း
သူကြည့်မရတဲ့ Pete ဆိုတော့ Can အသည်းမနာလျှင်
ဘယ်သူနာမည်နည်း။ ငယ်ငယ်ထဲက တိတ်တခိုးချစ်ခဲ့ရသူ
စိတ်ဆိုးမှာစိုး၍ မပြောဘဲရေငုံနှုတ်ပိတ်နေခဲ့ရပေမယ့် အပြုအမူတွေကတော့ သူ့စိတ်ကို ဖေါ်ပြနေသည်ကို သူကိုယ်တိုင်မသိခဲ့ပါချေ။ ရုတ်တရက် Aeက

''ငါသူ့နောက်လိုက်သွားမယ်´´

ဆိုကာ ထထွက်သွားကာ သူ့သူငယ်ချင်းများကနောက်မှ ပြေးလိုက်ကြ၏။ တယောက်တည်းကြိတ်ကာ Peteကိုမေတ္တာပို့
ကျန်ခဲ့သူမှာ Canပင်။ဒီလိုနဲ့ Peteကို အရှူံးပေးရမည်လား။

''ဒါနဲ့မင်း Perthကို အရှုံးပေးလိုက်ပြီလား´´

''ပေးလိုက်ရတာပေါ့  Perth ဆိုတဲ့ကောင်က ကောင်မလေးတိုင်းကို လိုက်ကြိုက်တတ်ပေမယ့် ယောက်ျားလေးကိုတော့ ကြိုက်လိမ့်မယ် မထင်ခဲ့ဘူး ဒါမယ့်Peteကိုကြည့်နေလိုက်တာများကွာ မပြောချင်ဘူး သူအကြိုက်ဆုံး ပုစွန်ဟင်းများချကျွေးလိုက်သလားပဲ ငမ်းလို့ကို မပြီးနိုင်ဘူး´´
Canတို့ ညီအကိုတွေ အတင်းပြောနေတုန်း Peteတယောက် တံခါးဝကို သွားတာတွေ့တော့ ဘာရယ်မဟုတ် နှစ်ယောက်သားလိုက်ကြည့်နေမိသည်။ Pete စာတိုက်ပုံးထဲက စာကိုနာမည်ကြည့်လိုက်တဲ့ တခဏ အပြစ်မဲ့သောမျက်နှာထေက် ပီတိပြုံးများဝေသွား၏။

''Tar ကြည့်စမ်း မျက်နှာက ပြုံးဖီးနေတာပဲ သူ့ရည်းစားဆီကဖြစ်မယ်´´ဆိုပြီး Canက ကြည့်မရစွာပြော၏။

သူတို့ညီအကိုပြောနေတဲ့အချိန်မှာ Pete ကတော့ သူ့သူငယ်ချင်း Tinဆီက စာကိုဖတ်နေသည်။
ထုံးစံအတိုင်း Tin ဆီကစာတွေက လောကကြီးရဲ့ဒုက္ခသုခတွေ
ကို ဟာသဥာဏ်ဖြင့်ရေးထားသောစာပင်။ Tinနှင့် ခင်ရတာ
တမျိုးတော့ကောင်းသည်။ Tinက သူ့မိဘအမွေဖြစ်တဲ့
ကော်ဖီဆိုင်လေးကို တာဝန်ယူဖို့ မကြာခင် လာခဲ့မည်တဲ့ ဧည့်ခံဖို့ပြင်ထားတဲ့ ဘာမှလည်းမဆိုင်ပါဘူးနော် သူ့ဘာသာ ကော်ဖီဆိုင်တာဝန်ယူဖို့လာသည်ကို ကျွန်တော့အား ဧည့်ခံဖို့ပြင်
ထားတဲ့လေ။

😍😍😍upလိုက်ပြီနော် နှစ်ပုဒ်ကို တနေ့တည်းစဉ်းစားပြီးရေးလိုက်တာ ဦးနှောက်တောင်ခြောက်သွားပြီ အရမ်းချစ်လို့ Surpriseပေး
ချင်လို့ပါနော် တိုတယ်လို့ မပြောကြေး😘😘😘

တုနှိုင်းမရတဲ့အချစ် Where stories live. Discover now