Part 6

1.1K 96 16
                                    

''ဘယ်သူဖြစ်ဖြစ်ပေါ့´´

''ဟင်! ဟို့နေ့ထဲက ငါသူ့ကို သတိထားမိနေတယ်ဆိုတာ
သိရက်နဲ့ မင်းသိရက်နဲ့ ငါ့ကိုဘာလို့ မပြောတာလဲ´´
(ကိုယ်တော်ကတော့ ရှက်နေပြန်ပြီ ကြိုက်ရင်ကြိုက်တယ်ပေါ့ ဘာလဲ watchingနော်😒😒)

''ပြောစရာ မလိုဘူးထင်တာပဲ မင်းကမိန်းကလေးတွေပဲကြိုက်တာ မဟုတ်ဘူးလား ဘာလဲ မင်းက Gay လား Peteကိုစိတ်ဝင်စားလို့လား´´
(ဒဲ့သွင်းပေးလိုက်တာ အေးရော😜)

Ae ကလည်းရှက်ပြီး တခုခုကို ပြန်စဉ်းစားမိသည်။ Can ပြောတာလည်း မှန်သည် သူသည် မိန်းကလေးများကိုသာ စိတ်ဝင်စားသူဖြစ်သည်။ သို့သော် ဘာကြောင့် Peteဆိုသည့် ကောင်လေးကို
ပုံမှန်ထက်ပိုပြီး သတိထားမိ ကြည့်မိနေလဲ သူကိုယ်တိုင်တောင်မသိ။

Can

မတ်တပ်ရပ်ကာ အတွေးနယ်လွန်နေသူကို တစိမ့်စိမ့်ကြည့်နေမိသည်။ သူAeကို ကြိုက်နေခဲ့သည်မှာ အချိန်တော်တော် ကြာခဲ့ပြီ ငယ်ငယ်လေးထဲက သူငယ်ချင်းသံယောဇဉ်ဖြင့် နေလာခဲ့သော်လည်း ကြီးလာသောအခါ သူငယ်ချင်းမှ
အဆင့်တိုးကာ ကြိတ်သဘောကျခဲ့ရသူပင်။ Ae က Peteအကြောင်း မေးတော့ သူသဘောမကျ။တချိန်ကAeူ့ကို ယောကျာ်လေးချင်း သဘောမကျတတ်သူမို့
သိမ်ငယ်စွာ သူ့နားမှာပဲ ဒီတိုင်းလေးကြည့်နေခဲ့ရသည်။
ခုတော့ Ae က Peteကို စိတ်ဝင်စားနေသလိုပင်။
ကြာလာတော့ စိတ်မရှည်တော့

''Ae! Ae!´´

''ဟင်´´ (အလန့်တကြား😅😅😅)

''ဘာတွေအဲ့လောက်တွေးနေတာလဲ´´

''ဘာမှ မဟုတ်ပါဘူးကွာ မင်းကလည်း ငါမေးတာကို
ပေါ်တင်ကြီးပြောချလိုက်ရလား´´(ပေါ်ကုန်ပြီလေ ပုပုရယ်😕)

''ဘာ!!!!! အာ့ဆိုမင်းက Peteကိုကြိုက်နေတယ်ပေါ့´´

''ဟုတ်… ဟုတ်… ဟုတ်တယ်ကွာ မင်းပြောသလိုပဲ´´
(လူမိသွားလို့ စကားတောင် ထစ်နေပြီ😂😂)

''အာ့ကြောင့် သူ့အကြောင်းပြောပြပါကွာနော် ကူညီပါကွာ ခုနက သူ့နာမည်ကို Peteလို့ခေါ်လိုက်တာ
ငါကြားလိုက်တယ်(ချစ်ရသူဆိုတော့ နားပါးပါးထားရတယ်😉😉)မင်းတို့က ညီအကိုတွေလား´´

တုနှိုင်းမရတဲ့အချစ် Where stories live. Discover now