Part 3

1.2K 100 4
                                    

တုနှိုင်းမဲ့ရင်ခွင် အပိုင်း (၃)

လိမ္မာရေးခြားရှိသော သားလေးကို သူသိပ်ချစ်သည်။ ပြီးတော့ သားလေးမှာ မိန်းကလေးများရှုံးလောက်အောင် အသားဖြူဖြူ
အရည်ရှည် အသားအရည်မှာလည်း နူးညံ့လိုက်တာများ ဝါဂွမ်း
အရှုံးပေး ထိုင်ငိုလောက်အောင်ပါပဲ နှုတ်ခမ်းလေးဆိုတာလည်း
ဖူးအိပြီးနီရဲနေတာပဲ ဒီလိုသားလေးကို လူ့လောကရဲ့ အလယ်မှာ တယောက်တည်းမထားခဲ့နိုင်ပါ။

မြင်သူတကာငေးလောက်အောင် perfect ဖြစ်ပြီး ချစ်ဖို့ကောင်းသော သားလေး၏ဘဝကို တင့်တင်တယ်တယ်ဖြင့် ဖြောင့်ဖြူးစေလိုသည်မှာ မိခင်တယောက်၏ အတုမဲ့မေတ္တာသာ။
ထိုအတွေးစိတ်ကူးကြောင့်လည်း နှစ်ပေါင်းများစွာ စွန့်ခွါခဲ့သော
ဒီစံအိမ်ကြီးသို့ ပြန်လည်ခြေချခဲ့ခြင်းပင်။

''သားမပင်ပန်းပါဘူး မေမေရဲ့ ဒါလေးစားလိုက်နော် ပြီးရင်ဆေးသောက်ရမယ်´´ ပြောပြီးဆေးကို ထုတ်ကာ ပဝါလေးပေါ်တင်ပေးလိုက်သည်။

''ကျွန်တော် ဟင်းချက်လိုက်ဦးမယ် အမေ့အကြိုက်လေ´´
ဆိုပြီး ချစ်စဖွယ်လေး ပြုံးပြပုံလေးက မြင်သူတိုင်း ရူးခါစေနိုင်
သည်။ အရမ်းကို ချစ်စရာကောင်းသည်။

ခနကြာတော့

''ဟင်းတွေ စုံလိုက်တာ သားရယ် သားပင်ပန်းနေမှာပေါ့´´

''မပင်ပန်းပါဘူး မေမေရဲ့ မေမေကနေမကောင်းဘူးလေ အားရှိ
အောင်စားရမှာပေါ့ ညနေကျ ဆေးခန်းသွားရမယ်နော် ဆရာဝန်နဲ့ ချိန်းထားခဲ့တယ် ´´

''မေမေဘာမှမဖြစ်ပါဘူးသားရယ် နေကောင်းပါတယ် ဘာလို့ဆေးခန်းသွားမှာလည်း ပိုက်ဆံကုန်ပါတယ်ကွယ်´´

''မေမေ မရဘူးနော် သွားရမယ် နေကောင်းတာလည်းမဟုတ်ဘဲ
နဲ့ သားမှာတော့ မေမေနေကောင်းပါစေ ဆိုပြီး ဆုတောင်းလိုက်
ရတာ မေမေရယ်´´

သားဖြစ်သူစကားကြောင့် ထိခိုက်ကြေကွဲရသည်။တလောကလုံးပြေးကြည့်မှ ဒီသားအမိနှစ်ယောက်ထဲ ရှိတဲ့ဘဝ
အဒေါ်နဲ့ ဝမ်းကွဲညီအကိုတွေရှိသော်လည်း အသုံးမဝင် ပိုက်ဆံရှိမှ လူထင်သူတွေ အပြိုင်အဆိုင်စိတ် မနာလိုစိတ်တွေကလည်း မိန်းကလေး အရှုံးပေးရလောက်သည်။ ညီအကိုလို့ပင် မြင်ပုံမရ။
မတတ်သာလွန်း၍ လက်ခံထားရသည်ကို သူတို့သားအမိနှစ်ယောက်လုံးသိသည်။ မသိချင်လို့လည်းမရ။
ညီမဖြစ်သူ Kawရဲ့ သားတွေက လူလစ်ရင်လစ်သလို Saint
ကို စောင်းမြောင်းပြောဆိုနေကြတာကိုး။
စိတ်ထဲတွင် ပြသနာကို မချဲ့လို၍သာ ဒေါသစိတ်ကို ရင်ထဲတွင်မျိုသိပ်ပြီး ရေငုံနုတ်ပိတ်နေလိုက်သည်။ ဒါမှ ဒီစံအိမ်
မှာ သူတို့သားအမိ တည်မြဲစွာ ရပ်တည်နိုင်မည်ပင်။ မဟုတ်ပါက
အကြောင်းပြချက်ကောင်းကောင်းဖြင့် သူတို့သားအမိကို မောင်းထုတ်တာ ခံရပေမည်မဟုတ်လား။

''Perth ဟိုကောင်လေးကို ကြည့်စမ်း ဖြူဥနေတာပဲ မင်းတွဲနေကျ ကောင်မလေးတွေထက်တောင် ဖြူဖွေးပြီး ချစ်ဖို့ကောင်းတယ်ကွာ´´
Tum ပြောလို့လှည့်ကြည့်တော့

*ဘယ်လိုလေးလဲကွာ လူရောဟုတ်ရဲ့လား ကြွေရုပ်လေးများလား*

😍😍😍ဇာတ်လမ်းလေး စလိုက်ပါပြီ ဒီficမှာ Perth Saint
Tin Canကိုပဲ ဦးစားပေးရေးမှာပါ အပိုင်းသစ်ကတော့ အခြေအနေသိပ်မကောင်းလို့ ၁၄ရက်နေ့မှတင်ပေးမယ်နော် အားလုံးကိုလေးစားလျက်ပါ😍😍

တုနှိုင်းမရတဲ့အချစ် Where stories live. Discover now