🏵🏵🏵သူမှတစ်ပါး🌸🌸🌸

2.1K 52 7
                                    

"ဘာလာလုပ်တာလဲ"

ထွက်လာပါပြီး စူပုတ်ပုတ်မျက်နှာနဲ့။ ဒီကလေး စေသနာနဲ့ကိုး မတန်ဘူး..

"မင်း ဘာစားပြီးပြီလဲ"

စိုက်ကြည့်လာသည့် မျက်လုံးနှစ်လုံးက လူအား လန့်သေစေနိုင်သည်။

"ဘာစားရမှာလဲ.. ဘာကိုး သွားစားရမှာလဲ။ ရှိသမျှပိုက်ဆံ ခင်ဗျာ ယူသွားတာမဟုတ်"

ဒီကလေးမရှက်တက်။ အော်ပြောတာများ.. တောက် ရှိုးပျက်လိုက်တာ။ ငလူးကလေး။ ကလေးမလေးတွေက လူကို ကွက်ကြည့်ကွက်ကြည့်နဲ့.. မကြည့်နဲ့ ငါ့ချောတာငါ့သိတယ်။

"ဟာ.. ဘယ်လိုကလေးလည်း..စေသနာပျက်အောင် လာမလုပ်နဲ့။ မင်းကို မုန့်စားဖို့လာခေါ်တာ"

ဝိုင်းစက်သွားသည့် မျက်ဝန်းလေး။ ပြန်ရန်တွေ့နေတဲ့ နှုတ်ခမ်းက စိသွား၏။

"တကယ်လား.. "

"ငါက ဘာလို့လိမ်ရမာလဲ"

"ဟို.. အာ့ဆို သွားမယ်လေ။ မြန်မြန်လာဗျာ ကျွန်တော် ဗိုက်ဆာနေပြီး"

လက်သေးသေး တစ်ဖက်က သူလက်အား ပိုင်စိုးပိုင်းနက်နဲ့ ဆွဲကိုင်၏။ ကိုယ်ကပဲ အားမရှိတာလားမပြောတက် ဒီကလေးဆွဲခေါ်ရာနောက် သူ ယက်ကန်ယက်ကန်ပါသွား၏။ အကောင်သေးသလောက် ဘယ်နားက အားတွေက ထွက်လာတာပါလိမ့်။

🏵🏵🏵🏵🏵

လေထုက အနည်းငယ် စိမ်းသက်နေ၏။ စားသောက်ဆိုင်တွင် ထိုင်နေသည့် မိန်းကလေး သုံးယောက်သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်၍သာ နေ၏။ ဘာစကားမှမဆို။ အူကြောင်ကြောင်နိုင်စွာ။

"သစ္စာ..ဘာဖြစ်နေတာလဲ။ တစ်ခုခု မှာလေဟာ။ ဒီတိုင်း ထိုင်ပြီး ဘာကြောင်နေတာလဲ"

မနေနိုင်တော့တဲ့အဆုံး ကြည်ပြာထပြောလေပြီး။ နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီး ခေါင်းငုံလိုက်၊ ပြန်ကြည့်လိုက် ဟိုကြည့်လိုက်သည်ကြည့်လိုက်နဲ့ မျက်စိလည်း နောက်လှပြီး။ ဘေးက တစ်ယောက်ကို ရှိတယ်တောင် ထင်ရဲ့လားမသိ။ ထိုင်နေတာ တော်တော်ကြာပြီးရယ်။ ငါဗိုက်လေးလည်း ဆာလှပြီး။

"အဲ.. ဟို..ဟို.. ချစ်.. ချစ်.. ချစ်"

အတောင့်လိုက်ကြီး စကားပြောနေသည့် သစ္စာ။ ကောင်မလေးကို ကြည့်ပြီး နင်ဘာတွေချစ်။ ပြီးအုန်းမာလားလို့။ ဟိုတစ်ယောက်
ကလည်း ဘာလို့ အာ့လောက် မျက်နှာကြီး နီရဲနေတာလဲ။ သမီးရည်းစား ချိန်းတွေ့နေကြတာလား။ ဘာ.. ဖြစ်... နေ.. ကြ.. တာ.. လဲ...

🏵🏵သူမှတစ်ပါး🌸🌸Место, где живут истории. Откройте их для себя