🏵🏵🏵သူမှတစ်ပါး🌸🌸🌸

2K 103 4
                                    

                  Ep၀isode(4)(2)

                       သူ....သူမပဲ

              သူမ.....ငါ့ကို စိုက်ကြည့်နေတယ်

🌸🌸🌸🌸🌸

ဒေါ်ကေသီသည် သမီးဖြစ်သူ အခန်းသို့ ရေတစ်ခွက်နှင့်အတူ ဆေးအချို့ကိုင်ဆောင်ကာ ၀င်လာလေသည်။ သမီးဖြစ်သူအိပ်နေမည်ဟု ထင်ထားသော်လည်း အိပ်ရာပေါ်တွင် ငုတ်တုတ်လေး ထိုင်နေသဖြင့် ဒေါ်ကေသီ ချိုသာစွာပြုံးလျက်

"မေမေ့သမီးလေးက နိုးနေတာလား"

"မေမေ"

ချစ်စဖွယ်မျက်နှာအမှုအရာလေးနှင့် ကြည့်ကာ စကားဆိုလာသော မြတ်နိုး။ ထိုချစ်စဖွယ်သမီးငယ်အား ဒေါ်ကေသီ ပြုံးပြရင်းပင် သမီးဖြစ်သူ၏ ဘေးသို့ ၀င်ထိုင်လိုက်လေသည်။ ထိုနောက် မိမိလက်တွင် ပါလာသော ဆေးနှင့်အနည်းငယ်နွေးနေသောရေအား ပေးလိုက်လေသည်။ ဒါတောင် ထို့ကလေးမက မယူချင်ယူချင်မျက်နှာလေးနှင့် ဆူပုတ်ပုတ်လုပ်နေသေးသည်။ ထိုနောက် ဆေးအား အမြန်မျိုချကာ ရေအား အသဲအသန်းသောက်လေတော့သည်။

"မေမေ့ဆေးက ခါးတယ်"

မျက်လုံးစုံမိတ်လျက် မိမိအား မဲရွဲ့ကာ ပြောလာသော မြတ်နိုးကြောင့် ဒေါ်ကေသီ ရယ်မိလေသည်။

"သမီးရယ်..ဆေးပဲ ခါးမှာပေါ့...."

နှုတ်ခမ်းလေး ထော်လာသော ကလေးမ။ ဖြူဖွေးနေသော မျက်နှာလေးမှာ အဖျားရှိန်ကြောင့် အနည်းငယ် နီးမြန်းနေလေသည်။သို့သော် မိမိမျက်လုံးထဲတွင် မြင်နေသည်မှာ ကရမ်းချဉ်သီး လုံးလုံးလေးပင်။ မှန်ကြောင်လေးက မျက်မှန်မတတ်ထားသဖြင့် တစ်မျိုးလေးချစ်ဖို့ကောင်းနေပြန်သည်။ မနေ့က ရေစိုစိုနှင့် ပြန်လာကတည်း ဒီကလေးဖျားတော့မည်ဆိုတာ မိမိကြိုသိနှင့်နေပြီးဖြစ်သည်။ ညက အတော်လေ ကိုယ်ပူနေသဖြင့် မိမိမှာ ထူပူသွားရသေးသည်။ မိုးအရမ်းချုပ်နေပြီးဖြစ်၍ အသိဆရာဝန်ကိုသာ ညတွင်းကြီး အိမ်သို့လာရန် အကူညီတောင်းရလေတော့သည်။ ဒင်းလေးကတော့ ဆရာဝန်မြင်သည်နှင့် အဖျားတစ်ဝက်လောက် ပျောက်လေ့ရှိသည်။ ဆေးထိုးရမည်ဟူသောအသံကို ကြားသည်နှင့် ဇီးရွက်လောက်သာ ကျန်တော့သော ကရမ်းချဉ်သီးလေး။ မိမိမှာ သူဖင်ငြိမ်အောင်မနဲ ချုပ်ထားရ၊ ဆရာဝန်လည်း ဆေးတစ်ခါထိုးဖို့ သူဖမ်းနေရတာနဲ့တင် အမောစို့သည်။ အော်ငိုသည်မှာလည်း ဘေးအိမ်ပင် ကြားရလောက်သည့်ထိ။ တကယ်မနိုင်သော မနိုင်စိန်လေးပင်။

🏵🏵သူမှတစ်ပါး🌸🌸Donde viven las historias. Descúbrelo ahora