🏵🏵🏵သူမှတစ်ပါး🌸🌸🌸

1.9K 85 3
                                    

                     Episode (6)

         "မင်္ဂလာပါ ဆရာမ.."

        "အေး..အေး မင်္ဂလာပါကွယ်"

        "ကျေးဇူးတင်ပါတယ် ဆရာမ"

      လေးလုံးလေး၏ ချစ်စဖွယ့် အမူအရာလေးများအား မျက်စိထဲက မထွက်၍ စဉ်းစားနေခိုက် ဆရာမ၀င်လာကာ အားလုံးထနှုတ်ဆက်ကြတဲ့အချိန် ကိုယ့်က ယောင်ကြောင်ကြောင်နှင့် ထိုင်နေမိသေး။ ဟိန်းထက် ခေါ်မှ ရောယောင်ကာ ထလိုက်သော်လည်း နှုတ်ပင်မဆက်လိုက်ရ ။ မိမိ ငုတ်တုတ်ထိုင်နေသည်ကို ဆရာမ မတွေ့၍ တော်သေးသည်။ တွေ့များတွေ့လို့ကတော့ ထမနှုတ်ဆက်ရကောင်းလားဆိုပြီး အွန်း.....

        "အသင်းခွဲဖို့ကိစ္စ ဆရာမခွဲပေးရမလား ဒါမှမဟုတ် ကိုယ့်အဖွဲ့နဲ့ကိုယ့်လား။ အုပ်စုဖွဲ့မယ်ဆိုရင်တော့ လူမျှအောင် အရင်လုပ်နော် လူအများကြီးမပိုစေနဲ့"

         "ကိုယ့်ဖာသာ ခွဲထားပြီးပါပြီ ဆရာမ"

         "အေးအေး..အာ့ဒါဆို အုပ်စုဖွဲ့ထားတဲ့ နာမည်စာရင်းတွေ ယူလာခဲ့ကြ။ အခြားခန်းတွေက အသင်းတောင်ခွဲပြီးလို့နေပြီး ငါ့အခန်းပဲကျန်..ဪ..ကျန်သေးတယ် အတန်းခေါင်းဆောင်"

         ငါ့နာမည်မခေါ်ပါစေနဲ့....မ​ခေါ်ပါ​စေနဲ့..🙏🙏🙏

          "သစ္စာ အရင်​နှစ်​​တွေလဲ နင်​ပဲ အတန်း​ခေါင်း​ရှောင်​လာ​တာဆို​တော့ ဒီနှစ်​လဲ ဆက်​​ရှောင်​လိုက်​​တော့"

         အာ့သလိုကို ​တောင်းနဲ့ဆုနဲ့ပြည့်​တာ :") ...ငါ့ဟာ​လေ ဆရာမမျက်​လုံးထဲ အားကြီးများ ယုံကြည့်​အားထားစရာ ​ကောင်း​နေတာများလား?

          "​ယောက်ျား​လေးမှာက.....အွန်း ​ကျော်​​ကျော်​ သားတာဝန်​ယူလိုက်​"

       What...the....သွားပြီး အာ့​ကောင်​နဲ့​တောင်​ အတန်း​ခေါင်း​ဆောင်​အတူတူလုပ်​ရရင်​ ​နေ့တိုင်းကိုက်​​ရမလားပင်​။ ငဖားကောင်​နဲ့​တော့....မျက်​ခွက်​ကိုးက ​မြှောက်​ကြွ​မြှောက်​ကြွနဲ့ အတန်း​ခေါင်း​ဆောင်​ဖြစ်​တာ မသိရင်​ တစ်​နိုင်​ငံလုံးပဲ အပိုင်​စားရလိုက်​သလိုလို။ စကားကလည်း မပီ၊ ​ရှေ့သွားနှစ်​​ချောင်းကလည်း လူပါ ခုတ်​သတ်​လို့ရတယ်​၊ ဆံပင်​က မိုးကြိုးပစ်​သ​ယောင်​ ထိုး​ထောင်​လို့၊ စတိုင်ကလည်း ​​မသိရင်​ သူကိုယ့်​သူ ကိုးရီးယားမင်းသား​​ယောင်​​ယောင်​။ အသားဖြူရင်​လည်း မ​ပြော​ အခုဟာက.... :3 ည​ပျောက်​အသားအ​​ရေနဲ့ တကယ်​ တကယ်​....

🏵🏵သူမှတစ်ပါး🌸🌸Donde viven las historias. Descúbrelo ahora