🏵🏵🏵သူမှတစ်ပါး🌸🌸🌸

2.2K 98 4
                                    

                   Episode (5) (2)

တနင်္လာ​နေ့ဖြစ်​သည့်​အ​လျောက်​ ​ကျောင်းဂိတ်​​ပေါက်​ဝ၌ ​ကျောင်းသူ​ကျောင်းများများနှင့်​ ရှုပ်​​ထွေး​နေ​လေသည်​။ အ.ထ.က (၁) ဟူ​သည့် စာတန်းအား ​​အုတ်​တိုင်​ဖြင့်​ စိုက်​ထူထား​လေသည်​။ ထိုအစိမ်းရောင်အုတ်​တိုင်​နှစ်ခု၏အလယ်​တွင်​ ဟိန်းထွက်​​နေ​သော မိမိတို့၏ ​ကျောင်းကြီး။ စနစ်ကျကျ ခမ်းနားစွာ တည်​ရှိ​နေ​လေသည်​။

"ငါများ ​စော​နေလို့လား ဒီ​နေ့ ဆိုင်​ကယ် မ​ထိုးထည့်ရပါလား မဆိုးပါဘူး"

"အချွန်​မ...ဒီ​နေ့ ​စောလှကြီးလား"

"မမ..သစ္စာ"

(ငါအခုထိ အိပ်​မက်​မက်​​နေတာလား? ဒီနှစ်ကောင်က ဘယ်ကနေဘယ်လို အတူတူ...😐)

မိမိဆိုင်ကယ်ဘေး ရောက်ချလာသော ဟိန်းထက်၏ ဆိုင်ကယ်။ အမှန်မှန်ဆို မထူးဆန်းသောလည်း မောင်ပိုင်ပိုင်က ဘယ်ကနေဘယ်လို ဟိန်းထက်ဆိုင်ကယ်နောက် ပါလာသည်ကိုတော့ အံ့ဩမိ။

"အချွန်မ ဘာတွေအဲ့လောက် ပြူးပြဲနေတာလဲ ငါတောင်လန့်တယ်"

"ထူးဆန်းနေလိုဟေ့ ခွေးနဲ့ကြောင် အတူတူဆိုင်ကယ်စီးလာလို့"

"ကျွန်တော်က ကြောင်...ကြောင်..."

ဆိုင်ကယ်ပေါ်မာ အရပ်မမှီတမှီဖြင့် ဆင်းကာ တကြောင်ကြောင်ကြောင်နှင့်ကြောင်နေသော ပိုင်ပိုင်။ လွယ်အိတ်ကလည်း ကြီးလိုက်တာ လွန်းရော။ ဒီကောင်လေး ဒါကြောင့်အရပ်မထွက်တာ။ လာပါပြီ မိမိနား အားကြီးချစ်ဖို့ကောင်းပါပေသည်။ ချစ်စဖွယ့် အမှုအရာများစွာ ပိုင်ပိုင်မာ ရှိလေသည်။ လိုချင်ပါသည် ဒီလို မောင်လေးမျိုး တစ်ယောက်လောက်ဖြစ်ဖြစ်။

"မမသစ္စာ ပိုင်ပိုင် သယ်ပေးမယ်လေ မမလွယ်အိတ်ပေးပေး"

ပေါက်ကရ သူလွယ်အိတ်နဲ့သူတောင် အနိုင်နိုင် ကိုယ့်လွယ်အိတ်ပါ သယ်ချင်နေသေးတယ်။ ကိုယ့်က စာသိပ်လုပ်တော့ ပါမာပါ သုံး၊လေးအုပ်တော့ :") ။

"ရပါတယ် နင်ဟာနင်တောင် နိုင်အောင်အရင်လွယ် သွားမယ်လာ..နင်ရော ဆိုင်ကယ်ပေါ်က ဆင်းဦးမှာလား ငြါ့ကည့်တဲ့ပုံကလည်း သတ်တော့မယ့်အတိုင်းပဲ"

🏵🏵သူမှတစ်ပါး🌸🌸Donde viven las historias. Descúbrelo ahora